စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ရက်နေ့မှာ စစ်ရှောင်စခန်းတစ်ခုအတွင်း စက်ရေတွင်းတူးဖော်ရာနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။အဆိုပါစစ်ရှောင်စခန်းမှာ ပျူစောထီးရွာကျေးရွာနဲ့ နီးခဲ့တာကြောင့် ရွာမီးရှို့ခံရခြင်း၊ ဖမ်းဆီးပြန်ပေးဆွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပြည်သူပိုင် ဥစ္စာပစ္စည်းများ မကြာခဏလုယက်ခံရခြင်းတို့ကြောင့် ကျေးရွာကို စွန့်ခွါကာ စစ်ဘေးရှောင်နေခဲ့ရခြင်းဖြစ်ကာ သောက်သုံးရေ ရှာပါးနေခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။သောက်သုံးရေရရှိဖို့ သံဃမေတ္တာ အဖွဲ့ဝင် ဆရာတော် တပါးရဲ့ ချိတ်ဆက်ပေးမှုကြောင့် ထိုင်ဝမ်မှ အလှူရှင်များက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံထံ အလှူငွေများပေးပို့ခဲ့ပြီး စက်ရေတွင်းတူးဖေါ်တဲ့ ပညာရှင်တွေနဲ့ တူးဖော်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလို ပုလဲမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် အဖက်ဖက်မှလှူဒါန်းပေးတဲ့ အလှူရှင်အားလုံးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အထူးပင်ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ