Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 22, 2026

ဒေါနတောင်ခြေမှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံးပြီး သုံ့ပန်း ၄ ဦး၊ လက်က်နက် ၅ လက် သိမ်းဆည်း ရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၂ဦးသေဆုံးပြီး သုံ့ပန်း ၄ဦးနဲ့ လက်နက် ၅လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၂၂ ရက် နေ့မှာ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေကို ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို အမှတ် ၃၂ ဗျူဟာမှ ကော်ဘရာစစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနဲ့အတူ MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၃ လက်တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ အောင်ဇေယျစစ်ကြောင်းဟာ မြဝတီမြို့ကို အင်အားထောင်ချီနဲ့စစ်ကူလာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့် လနဲ့ချီကြာ ဒေါနတောင်ခြေကနေရှေ့ဆက်မတက်နိုင်ဘဲ တိုက်ခိုက်ချေမှုန်းခံနေရဆဲဖြစ်ပါတယ်။

You may have missed