Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

တိုင်းစစ်ဌာနချုပ်တွေလက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ လေးပုံတစ်ပုံတောင်မအုပ်ချုပ်နိုင်တော့ဘူးလို့ဆို

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကို လက်လွှတ်ခဲ့ရတဲ့စစ်ကောင်စီဟာ နိုင်ငံရဲ့လေးပုံတစ်ပုံတောင်မအုပ်ချုပ်နိုင်တော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကပြောပါတယ်။”ဒီဇင်ဘာ ၂၀ရက်နေ့မှာ BBE World က ထုတ်လွှင့်ခဲ့တဲ့ လွတ်လပ်တဲ့ သုတေသန အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ၂၁ရာခိုင်နှုန်းသာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတော့တယ်လို့ ဖော်ပြသွားတာ ထင်ရှားတဲ့သက်သေအထောက်အထားတစ်ခုဖြစ်ပါတယ်”လို့ NUG သမ္မတရုံးပြောခွင့်ရက ပြောပါတယ်။စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်တွေအပါအဝင် မြေပြင်မှာ ဆက်တိုက်ရှုံးနိမ့်နေတဲ့စစ်တပ်ဟာ တော်လှန်ရေးတပ်တွေကို တန်ပြန်တွန်းလှန်နိုင်စွမ်းမရှိတော့ဘူးလို့လည်း ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ သွေးပျက်ထိတ်လန့်ပြီး ထိပ်ပိုင်းခေါင်းဆောင်တွေအပြောင်းအလဲလုပ်လာတာဟာ ၎င်းရဲ့အကြောက်တရာကို ဖော်ပြနေခြင်းဖြစ်တယ်လို့ ဦးကျော်ဇော်က ဆက်ပြောပါတယ်။စစ်ကောင်စီရဲ့ကျဆုံးခြင်းကို ဘယ်အရာကမှ ရပ်တန့်နိုင်မှာမဟုတ်တော့ဘဲ လူငယ်လူရွယ်တွေကို မတရားပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်နေတာကြောင့် လူငယ်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တယ်လီဂရမ်ချန်နယ် Telegram @nugpublicaffairsbot ကတဆင့် အကြံပေးတိုင်ကြားစာပေးပို့နိုင်တယ်လို့သိရပါတယ်။လူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို တတ်နိုင်သမျှရှောင်ရှားကြဖို့ ပြည်သူဖက်ပြောင်းမလှည့်မိဖို့နဲ့ အလင်းဝင်ရောက်လာသူတွေအတွက် ပြည်သူ့ရင်ခွင်ကဲ့သို့ အဖွဲ့အစည်းတွေက ကြိုဆိုနေကြောင်း NUG ပြောခွင့်ရက ပြောဆိုထားပါတယ်။

You may have missed