Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
February 15, 2026

စလင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၆ဦးသေဆုံးပြီး ဗိုလ် ၁ဦးအပါ ၇ဦးဒဏ်ရာရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာမှာ စစ်ကော်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်လို့ စစ်သား ၆ဦးသေဆုံးပြီး စစ်ဗိုလ် ၁ဦးအပါအဝင် ၇ဦးဒဏ်ရာရရှိသွားကြောင်း မင်းဘူးခရိုင် တပ်ရင်း ၅က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၂၂ရက်နေ့မှာ စလင်းမြို့နယ်၊ မြောင်းခြားရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင်အမှတ်၅တပ်ရင်းက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်အင်အား ၃၀ကျော်ဟာ မြောင်းခြားရွာတောင်ဘက်ကနေ ခြေလျှင်ဝင်ရောက်လာစဥ် တော်လှန်ရေးတပ်တွေက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စတင်ကာ ၁နာရီကျော်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပစ်ခတ်မှုအတွင်းစကစတပ်ဘက်က ၆ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့တာကြောင့်လက်နက်ကြီးများပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာသွားရာ တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ မိုင်းတွေထိပြီး အထိအခိုက်များပြားခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ပွဲကို မင်းဘူးခရိုင်အမှတ်၅တပ်ရင်းက အထိအခိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

You may have missed