အမျိုးသားညီညွတ်ရေးအစိုးရ ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီဇင်ဘာ ၂၄ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတကာနဲ့ ပြည်သူသို့သတင်းစကားအစီအစဉ်ကို ထုတ်ပြန်သွားပါတယ်။အဆိုပါသတင်းစကားမှာ ဦးကျော်ဇော်က အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုလိုက်ပါတယ်။မကြာသေးမီက မကွေးတိုင်းအတွင်းမှာ ‘သေဒဏ်အထိချမှတ်နိုင်သော’အရေးယူမှုဆောင်ရွက်မည်ဆိုသော အများပြည်သူဝေဖန်ထောက်ပြစရာ အမိန့်ကြေညာချက်များအား ပသုံးလုံးအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက် ဝေဖန်မှုများထွက်ပေါ်လာအပြီးမှာ အဆိုပါအမိန့်ကြေညာချက်များအား ရုတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းများလည်း ပြုလုပ်ခဲ့ကြပါတယ်။“တရားမဲ့မှုကို အဆုံးသတ်၊ တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ရန် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရမည်ဖြစ်ပါတယ်” သမ္မတရုံးက ပြောဆိုပါတယ်။
NUG ထိန်းချုပ်နယ်မြေများတွင် ကြားကာလစီမံအုပ်ချုပ်မှုများမှာ ပိုမိုစနစ်ကျသော ဦးဆောင်မှု၊ ကြီးကြပ်မှု အချို့နေရာများတွင် လိုအပ်နေဆဲဖြစ်သည်ကို သိရှိပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာများကို အလေးအနက်ထား တတ်နိုင်သမျှ စုံစမ်းစစ်ဆေးနေကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှု ရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဦးကျော်ဇော်က အသိပေးပါတယ်။NUG တရားရေးဝန်ကြီးဌာနသည် အမှုပေါင်း ၁၈၀၀ ကျော်ကို လက်ခံရရှိပြီး အမှုပေါင်း ၁၀၂၀ ကို ကြားနာစစ်ဆေးကာ သက်ဆိုင်ရာတရားရုံးများမှ ထိရောက်ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ စုစုပေါင်း အမှုပြီးပြတ်မှုရာခိုင်နှုန်းမှာ ၅၅ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။အဖက်ဖက်မှ စစ်ရှုံးနေသော အကြမ်းဖက်စစ်ကောင်စီသည် ကြံရာမရ အစွန်းရောက်လုပ်ဆောင်မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်းနှင့် အသက်မပြည့်သေးသည့် လူငယ်များပါမကျန် အတင်းအဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း ကိုလည်း သူကထောက်ပြသွားပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီရဲ့ရှုံးနိမ့်ကိုသိသာစေရန် BBC World မှ ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်သွားခဲ့တဲ့ လွတ်လပ်သောသုတေသနအစီရင်ခံစာပါအချက်ဖြစ်သော “နိုင်ငံရဲ့ ၂၁ရာခိုင်နှုန်းကိုသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်ခြင်း” အစီရင်ခံစာကိုလည်း ဦးကျော်ဇော်က ထည့်သွင်းပြောဆိုပါတယ်။ဒါ့အပြင် “မင်းအောင်လှိုင်ထိတ်လန့်သွေးပျက်ကာထိပ်ပိုင်းပြောင်းလဲမှုများလုပ်နေခြင်းဟာ ၄င်း၏အကြောက်တရားကို အထူးတလည်ဖော်ပြနေတာဖြစ်ပါကြောင်း၊အလေးပေးပြောချင်တာကအကြမ်းဖက်စစ်ကောင်စီ၏ကျဆုံးခြင်းကို ဘယ်အရာကမှာ ရပ်တန့်နိုင်မှာ မဟုတ်ပါကြောင်း ” နိုင်ငံတကာနှင့်ပြည်သူကို သတင်းစကားပါးလိုက်ပါတယ်။အဓမ္မစစ်မှုထမ်းစေခြင်းကို ရှောင်ရှားနိုင်ကြဖို့ ဦးကျော်ဇော်က အကြံပေးရာမှာတော့ “လူငယ်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရကတတ်နိုင်သမျှကူညီပေးနေပါတယ်။ ကျနော်တို့ telegram channal ကနေတဆင့်ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံတာ၊တိုင်ကြားတာတွေလုပ်လို့ရပါတယ်။” လို့ ဦးကျော်ဇော်က ပြောပါတယ်။ရှောင်တိမ်းဖို့အခွင့်အရေးမရှိဘဲ အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားတဲ့ လူငယ်တွေ အနေနဲ့လည်း တက်နိုင်သမျှ နည်းမျိုးစုံနဲ့ မတရားတဲ့ အာဏာကို ဖီဆန်ပြီး ပြည်သူတွေဖက်ကို ပြောင်းမလှည့်ကြဖို့ နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ အစီအစဉ်ကနေ လက်ကမ်းကြိုနေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ