Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
January 13, 2026

ရန်ကုန် စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်း မဂ်လာဆောင်မှာ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ခဲ့လို့ သေဆုံးသွားကြောင်း Yangon Phoenix အဖွဲ့က ထုတ်ပြန်ပါတယ်။ဒီနေ့ ဒီဇင်ဘာ ၂၂ရက်နေ့လည်မှာ Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force အဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။လုံခြုံရေးတင်းကြပ်နေတဲ့ ရန်ကုန်မြို့မှာ နေ့လည်အချိန် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အုပ်စုနဲ့ရဲတွေက ဟိုတယ်ဝန်းကျင်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါ စရဖဗိုလ်မှူးဟာ မင်္ဂလာဆောင် ကို ညီမဖြစ်သူနဲ့အတူ ပွဲလာတက်ခြင်းဖြစ်ပြီး ပွဲပြီး Hotel မှ ထွက်ခွာစဉ် အထက်ဗဟိုလမ်းပေါ်တွင် သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခံရကြောင်း စစ်ကောင်စီမီဒီယာတွေက ဖော်ပြထားပါတယ်။

You may have missed