Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

နပခ အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက် နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးက သဝဏ်လွှာပေးပေးခဲ့သည်ဟု သိရသည်။ယခု အောင်ပွဲသည် အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်၊၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး (၂) ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး၊ မြန်မာတပြည်လုံး နှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု၍ ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

You may have missed