Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
December 8, 2025

တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေသူတွေကို တတ်နိုင်သမျှအကာအကွယ်ပေးနေတယ်လို့ တောင်ကိုရီးယား အန်ယူဂျီကိုယ်စားလှယ်ရုံးထုတ်ပြန်

တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေသူတွေကို တတ်နိုင်သမျှအကာအကွယ်ပေးနေတယ်လို့ တောင်ကိုရီးယာနိုင်ငံ NUGကိုယ်စားလှယ်ရုံးက ဒီနေ့ ဒီဇင်ဘာ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝကရဲ့ အဖမ်းအဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ဒီဇင်ဘာလအတွင်းတွင် အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄-ဦးကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီး၊ ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) သက်တမ်းတိုးရန် အငြင်းခံရသူ တစ်ဦးကို ပြေလည်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။အဖမ်းခံရသူများအနက် G1-99 ဗီဇာယူထားပြီး စာချုပ်မချုပ်ဘဲ အလုပ်လုပ်သဖြင့် အဖမ်းခံရသူ တစ်ဦးနှင့် ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) ယူထားပြီး အလုပ်ခွင်အတွင်း အဖမ်းခံရသူ သုံးဦးတို့မှာ “ခွင့်ပြုချက်မဲ့အလုပ်လုပ်မှု”ဖြင့် ဒဏ်ကြေး ဝမ်သိန်းနှစ်ဆယ်စီ ပေးဆောင်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးမွေးစာရင်းနှင့် အိုင်ဒီကတ်လျှောက်ထားခြင်းကိစ္စ၊ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်းကိစ္စများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ လဝက၏ အဖမ်းအဆီးခံရလျှင် ရဲမှုခင်း ပြစ်မှု တစုံတရာ ကင်းရှင်းမှသာလျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိပြီး၊ ပြစ်မှုတစုံတရာ ရှိခဲ့လျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိမည် မဟုတ်ကြောင်း အန်ယူဂျီကိုယ်စားလှယ်ရုံးမှ အသိပေးထားပါတယ်။ ကိုယ်စားလှယ်ရုံးရဲ့ ဖော်ပြချက်ထဲမှာ အကူအညီတောင်းခံမယ်ဆိုရင် “တော်လှန်ရေးတွင် ပါဝင်ထားသော မိမိ၏ ထောက်ပို့မှတ်တမ်းများ၊ လှုပ်ရှားမှုမှတ်တမ်းများ၊ သက်ဆိုင်ရာ သတင်းမှတ်တမ်းများကို ကြိုတင်စုဆောင်း ပြင်ဆင်ထားရန် လိုအပ်ကြောင်း” ကိုလည်း အသိပေးထားပါတယ်။

တောင်ကိုရီးယားအခြေစိုက် အန်ယူဂျီကိုယ်စားလှယ်ရုံးအနေနဲ့ ယခုကဲ့သို့ ဆောင်ရွက်မှုများမှာ ကိုရီးယားတွင် နေထိုင်ပြီး တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်နေသော မြန်မာနိုင်ငံသားများကို တတ်စွမ်းသမျှ အကာအကွယ်ပေးခြင်း ဖြစ်ပါသည်။ တော်လှန်ပြည်သူ မည်သူမဆို လဝက၏ အဖမ်းအဆီးနှင့်ကြုံရ၍ အကူအညီ လိုအပ်လျှင် ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ဖုန်း 010-9146-7482 ၊ သို့မဟုတ် ရုံးဖုန်း 010-8227-4773 သို့ ဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

You may have missed