Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

တစ်ရက်ထဲ ချင်းမြို့ ၂မြို့သိမ်းတဲ့တိုက်ပွဲ ချင်းညီနောင်နဲ့ AA၊ PDF တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဒီနေ့ ဒီဇင်ဘာ ၂၂ရက်မှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကတည်းက မစတင်ခဲ့ရာ နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကို ဒီဇင်ဘာ ၂၁ ရက်က အပြီးသတ်တိုက်ခိုက်ခိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ခလရ (၂၇၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ Yaw Defense Force (YDF)၊ Yaw Army (Yaw Army) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် အမှတ် (၃) တပ်ရင်း တို့မှ ပါဝင် တိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနှင့် စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဥာဏ်များ ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။မင်းတပ်မြို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ကန်ပက်လက်မြို့ကိုလည်း ဒီနေ့မနက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲ ကြေညာခဲ့အပြီး နေ့လယ်ပိုင်းမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ကန်ပက်လက်မြို့ပေါ်မှာ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ မကွေးတိုင်း ယောနယ်အတွင်း ဆုတ်ခွာသွားရာ မြို့ကို အပြည့်အဝထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့စစ်ဆင်ရေးဖော်ဆောင်နေတဲ့ ဖလမ်းမြို့ရဲ့နေရာအများစုကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ချင်းပြည်နယ်အတွင်း အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ခဲ့တဲ့ ပလက်ဝဒေသအပါအဝင် မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးစစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပွင့်သွားပြီဖြစ်ပါတယ်။

You may have missed