Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 13, 2025

ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်သားတွေ အကျအဆုံးများကာ ဧရာဝတီဘက် ကစဉ့်ကလျားထွက်ပြေးနေ၊ မကြာမီလက်လွှတ်ရမယ်လို့ AA ပြော၊ပြည်သူနေအိမ်မီးရှို့ဖျက်ဆီးအကြမ်းဖက်နေတဲ့အမိန့်ပေး ညွှန်ကြားသူတွေကို ပြစ်မှုအလိုက် အရေးယူမယ်လို့ ဆို

ရခိုင်ပြည်နယ်၊ ဂွမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတွေဟာ ဧရာဝတီတိုင်းအတွင်းကို ကစဉ့်ကလျားထွက်ပြေးနေတာကြောင့် စစ်ကောင်စီအနေနဲ့ ဂွမြို့ကို မကြာမီလက်လွှတ်ရတော့မှာဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်ပြီး ဧရာဝတီတိုင်းအတွင်း တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို AA က အဆက်မပြတ် လိုက်လံထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဂွတိုက်ပွဲဟာလည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဂွမြို့ဟာလည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မယ့် အာရက္ခဒေသရဲ့ တောင်ဖက်အကျဆုံး မြို့ဖြစ်တယ်လို့ AA က ထုတ်ပြန်ချက်အတွင်း အသိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံကနေ စစ်ကူတပ်တွေ ဖြည့်တင်းနေပေမယ့် အတင်းအဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုလိုဖြစ်နေတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေကြတယ်လို့ သိရပါတယ်။စစ်ရှုံး စစ်ကောင်စီတပ်ဟာ ဂွမြို့ရှိ ကျေးရွာတွေနဲ့ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးနေတယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၁၇ရက်နဲ့ ၁၈ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဂွမြို့နယ်၊ “အလယ်ရွာ”ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ (၂၁) ရက်နေ့မှာလည်း မနက် (၇) နာရီအချိန်လောက်ကစပြီး ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီရဲ့ အခုလို စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်မများ နဲ့ အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

You may have missed