ရခိုင်ပြည်နယ် မောင်တောမြို့အခြေစိုက် အမှတ် ၅နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) ကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးတွေအပါအဝင် ငွေသား သိန်း ၈၀၀ကျော်ခန့်နဲ့အတူ အသေဖမ်းမိကြောင်း အာရက္ခတပ်တော် AAက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ (နခခ-၅) ကနေ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ အခြားသော တပ်မမှူးတစ်ဦးဖြစ်တဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နဲ့အတူ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲမှာ အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးဟာ စစ်တပ်နဲ့ ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြတဲ့ ဒေသခံမူဆလင်တွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကမ်းခြေစောင့်တပ်များရဲ့ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်မှာ လွတ်မြောက်ဖို့ အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။မောင်တောမြို့ မှာ တစ်ခုတည်းကျန်ရှိနေခဲ့တဲ့ နခခ (၅) စခန်းကြီးကို ဒီဇင်ဘာလ (၈) ရက်နေ့၊ မနက် ၉နာရီခွဲမှာ အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။နခခ ၅စခန်းကနေ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနဲ့အတူ ၎င်းတို့နဲ့ အပေါင်းအပါ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ကို ဒီဇင်ဘာလ (၈) ရက်နေ့ မှာပဲ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ