ပြီးခဲ့တဲ့ဇွန်လ ၂၅ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းမှာ TNLA အလုပ်သင်ဗိုလ် အပတ်စဉ် (၄)က သင်တန်းသား ၁၃၂ဦးပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၅ရက်နေ့ကပြုလုပ်ခဲ့တဲ့ တအာင်းတပ်မတော် အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၁၈ရက်မှာ TNLA က ထုတ်ပြန်လာပါတယ်။TAOT အပတ်စဉ် (၄)ဟာ သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား(၁၃၂)ဦး တက်ရောက်ခဲ့ရာ အဲ့ဒီသင်တန်းသားတွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကာ (၁၂) ဦး တိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့တာကြောင့် သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အပတ်စဉ် (၅) တက်ရောက်မယ့် အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ဦးကိုလည်း သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖွင့်ပွဲမှာ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က “ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားကို PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာအရှိ/အရာခံများ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။TNLA ဟာ ၁၀၂၇စစ်ဆင်ရေးအပိုင်း ၂အတွင်း ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကိုသိမ်းပိုက်ခဲ့သလို ရှမ်းမြောက်က ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊စတဲ့ မြို့ပေါင်း ၁၂မြို့ကို ၁၀၂၇စစ်ဆင်ရေး တစ်ခုလုံးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ