Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
February 14, 2026

ရခိုင်မှာ စစ်ဗိုလ်ချုပ်တွေ သေဆုံး၊ အဖမ်းခံရ ပြီးနောက် စစ်ကောင်စီက ထိပ်ပိုင်းအရာရှိကြီးတွေကို ရာထူးအပြောင်းလဲလုပ်လာ

ရခိုင်မှာ စစ်ဗိုလ်ချုပ်တွေ သေဆုံး၊ အဖမ်းခံရ ပြီးနောက် စစ်ကောင်စီက ရာထူးအကြီးပိုင်းတွေ အပြောင်းအလဲလုပ်လာပါတယ်။ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုရာထူးက ဖယ်ရှားလိုက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကြောင်း စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ယခင်နှစ် ဩဂုတ်လကမှ ကာကွယ်ရေးဝန်ကြီးခန့်အပ်ခဲ့ကာ ၁နှစ်ကျော်အကြာမှာ ရာထူးက ဖယ်ရှားခဲ့တာဖြစ်ပါတယ်။အခုနှစ်အတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချူပ်အပါအဝင် နယ်မြေအများဆုံးရှုံးထားရပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ကာကွယ်ရေးဝန်ကြီးအပြင် စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်ရာထူးလည်းရထားသူဖြစ်ရာ ဒုတီယဝန်ကြီးချုပ်အဖြစ်ဆက်ရှိမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။လက်ရှိမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အားလုံးကျဆုံးသွားပြီဖြစ်ပြီး ဌာနချုပ်သိမ်းတိုက်ပွဲတွေမှာ စခန်းစွန့်ခွာထွက်ပြေးတဲ့ နခခ ၅က စကခ ၁၅မှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိပြီး နပခ က ထွက်ပြေးတဲ့ ယာယီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကို အသေဖမ်းဆီး ရမိခဲ့သလို စကခ ၅က ကွပ်ကဲရေးမှူးနဲ့ ဒုတိုင်းမှူးတို့ထွက်ပြေးနေပါတယ်။

ဒါ့အပြင် အရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)အဖြစ် တာဝန်ပေးခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို အရာရှိချုပ်(ကြည်း)အဖြစ် တာဝန်ပေးလိုက်တယ်လို့ လဲ တပ်သတင်းအရင်းမြစ်တွေထံက သိရပါတယ်။နမခ တိုင်းမှူးနေရာမှာ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးက ပြောင်းလဲ တာဝန်ယူမယ်လို့ သိရပါတယ်။ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူးအဖြစ် တာဝန်ပေးခဲ့ ပြီး နတခတိုင်းမှူး ဗိုလ်ချုပ် ဝေလင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာ စစ်ဗိုလ်ချုပ်ရာထူးနေရာအများဆုံးရှိနေသလို တပ်မတော်သမိုင်းတလျှောက် စံချိန်တင် ရာထူးပြောင်းလဲလုပ်ခဲ့ပါတယ်။

You may have missed