ဒီဇင်ဘာလ (၁၇) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ ပကတိ မြေပြင်အခြေအနေများကို အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။တိုင်းစစ်ဌာနချုပ်အတွင်းမှ ရာနဲ့ချီသော တပ်အင်အားတွေဟာ အလံဖြူထောင်လာကြတဲ့မြင်ကွင်းတွေနဲ့ မီးလောင်ပျက်စီးသွားတဲ့ နပခဝန်းကြီးရဲ့ မြင်ကွင်းတွေကို ရုပ်သံဖိုင်မှာ တွေ့မြင်ရပါတယ်။အာရက္ခတပ်တော် AA ဟာ စောစောအလံဖြူထောင်ရင် စောစောအသံရှင်ခွင့်ရမှာဖြစ်ကြောင်းလဲ စစ်ကောင်စီတပ်သားတွေကို သတိပေးပြောဆိုထားပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တစ်ခုလုံးကို AA ထိန်းချုပ်ထားပြီးဖြစ်သလို ၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ