Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 16, 2026

ပူတာအို ၊ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့စစ်ကာကင်းစခန်းကို KIA သိမ်းပိုက်ပြီး သုံ့ပန်းအချို့ဖမ်းမိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လားဟူဆယ် ပြည်သူ့စစ်ကာကင်း စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းအချို့လဲ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။အဲ့ဒီပြည်သူ့စစ်စခန်းမှာ အင်အား ၈၀ ခန့် နေထိုင်ပြီး ဒီဇင်ဘာ ၁၅ရက်မှာ KIA က သိမ်းပိုက်ခဲ့ရာ ဒဏ်ရာရရှိထားတဲ့ ပြည့်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။အဆိုပါစခန်းကုန်းအတွင်း KIA သိမ်းပိုက်ခဲ့တဲ့ ဆော့လလော်မြို့နယ် လန်ဆယ်ရွာစခန်းက တပ်ဆုပ်သွားတဲ့ ပြည့်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ သွားရောက်နေထိုင်ကြပြီး နေအိမ်များလည်းတည်ဆောက်နေဆဲဖြစ်ကာ KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။

KIA ဟာ ကချင်ပြည်နယ်ထဲက အထူးဒေသ ၁တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။KIA ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စကခ – ၂၁ လက်အောက်ခံတပ်စခန်း ၈ခုနဲ့ မံစီမြိုမှာရှိတဲ့ တပ်စခန်း ၂ခုကို ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

You may have missed