Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

မန္တလေးမှာ ၁၅ရက်အတွင်း လူငယ် ၁ရာကျော် မတရားဖမ်းဆီးခံရ၊ သတိထားစရာများကို မန္တလေးလူငယ်ထုကို အသိပေး

မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့ မြို့နယ် ၇ခုက လူငယ် ၁ရာကျော်ဟာ ၁၅ရက်အတွင်း မတရားဖမ်းဆီးခံရတယ်လို့ မန္တလေး သပိတ်အင်အားစုက အသိပေးလာပါတယ်။အခုဒီဇင်ဘာ ၁ရက်ကနေ ၁၅ရက်နေ့ထိ ၂ပတ်အတွင်း မန္တလေးမြို့က မြို့နယ် ၇မြို့နယ်မှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေကို စာရင်းပြုစုခဲ့တာလို့ သိရပါတယ်။မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် မှ (၂၁)ဦး၊ ချမ်းအေးသာဇံမြို့နယ် (၇)ဦး၊ မဟာအောင်မြေမြို့နယ် (၅)ဦး၊ ချမ်းမြသာစည်မြို့နယ် (၅) ဦး၊ ပြည်ကြီးတံခွန်မြို့နယ် (၃၆)ဦး၊ အမရပူရမြို့နယ် (၁၇)ဦး၊ ပုသိမ်ကြီးမြို့နယ် (၃၄) ဦး၊ စုစုပေါင်း (၁၂၅)ဦး မတရားဖမ်ဆီးခံခဲ့ရပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ဖမ်းဆီးရာမှာ နေ့/ည မချိန်မရွေး ဖမ်းဆီးခြင်း ၊ ညအချိန်မတော် ဧည့်စာရင်း ဥပဒေကို အကြောင်းပြပြီး ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နေ့ လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပ သို့ သွားလာခြင်း ၊ မလိုအပ်ပဲ ခရီးသွားလာခြင်း ၊ ပျော်ပွဲရွှင်ပွဲ များသို့ သွားလာခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်သင့်တယ်လို့ မန္တလေးသပိတ်အင်အားစုက သတိပေးပါတယ်။ဒါ့အပြင် မိမိ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ယန္တရား၊ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစုံတရာ ကျရောက်လာနိုင်သောအခြေအနေရှိပါက ကြိုတင်ရှောင်ရှားထားကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။မိသားစု နဲ့ ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ကဲ့သို့ မလွှဲမရှောင်သာ အခြေအနေများနဲ့ ကြုံတွေ့ရပြီး တပ်သားသစ် စုဆောင်းခံရပါက ကြိုတင်ပြင်ဆင်ချိန်ရတဲ့အခြေနေပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ထားဖို့၊ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် ၊ လက်လှမ်းမီရာမှာ မတရားဖမ်းဆီးခံရမှုများရှိပါက သတင်းပေးပို့ကြဖို့ မန္တလေးသပိတ်အင်အားစု က သတိပေးတိုက်တွန်းထားပါတယ်။

You may have missed