Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
September 11, 2026

ဓာတ်ကြီးလေးပါးဖောက်ပြန်ပြောနေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အသက်ရှင်ချင်ရင်စောစောအလံဖြူထောင်ကြဖို့ တိုင်းစစ်ဌာနချုပ်ကို သိမ်းပြီး AA သတိပေး

ရခိုင်ပြည်နယ်နေ့မှာ အာရက္ခတပ်တော် AA ကိုလက်နက်ချဖို့ပြောတဲ့ စစ်ရှုံးမင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အသက်ရှင်ချင်ရင်စောစောအလံဖြူထောင်ကြဖို့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ထဲက စစ်သားရာနဲ့ချီလံဖြူထောင် လက်နက်ချလာတဲ့ ရုပ်သံနဲ့တကွ AA က သတိပေးလိုက်ပါတယ်။ဒီဇင်ဘာ ၁၅ရက်မှာကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့မှာ ရခိုင်မှာ မြို့ပေါင်း ၁၂မြို့ထိ လက်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာရက္ခတပ်တော် AA ကို လက်နက်စွန့်ဖို့ ပြောကြားပြီးနောက် ဒီဇင်ဘာ ၁၆ရက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားရာချီအလံဖြူထောင်လာတဲ့ ရုပ်သံဖိုင်နဲ့တကွ အသက်ရှင်ချင်ရင်စောစောအလံဖြူထောင်ကြဖို AA ဘက်က တုံ့ပြန်လာတာ ဖြစ်ပါတယ်။အဲဒီရုပ်သံမှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဆိုးရွားတဲ့ အနေအထား၊ အလံဖြူထောင်ထွက်လာသူတွေ အပါအဝင် ဒဏ်ရာရသူတွေကို ကုန်းပိုးသယ်လာသူတွေ၊ ထော့နင်း ထော့နင်းနဲ့ လက်မြှောက်ထွက်လာသူတွေ စတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းလောက်ကို မြင်တွေ့ရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်းဟာလည်း ရိက္ခာပို့ရဟတ်ယာဉ်နဲ့ အတင်းလိုက်ပါထွက်ပြေးမှုကြောင့် လက်ရှိမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ဒါ့အပြင် မောင်တောနခခ ၅စခန်းသိမ်းပွဲံအတွင်း ဗိုလ်မှူးကြီး သူရိန်ထွန်းကို ကိုယ်ရေးအရာရှိတွေနဲ့တကွ AA က အရှင်လက်ရဖမ်းမိခဲ့သလို စစ်အင်အားရာနဲ့ချီဟာလဲ AA ထံအလံဖြူထောင်လက်နက်ချခဲ့ပါတယ်။အလားတူ တောင်ကုတ်မြို့ရှိ တပ်ရင်းနှစ်ခုအပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ကအတည်ပြုပြီးနောက် မိုင် ၁၀၀လောက်သာဝေးတဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (ပြည်-ဒကစ)ထံ စစ်ရေးမကူးစက်လာရေးအတွက် အထက် အဆင့်ဆင့် ညှိနှိုင်းယတြာချေဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ဧရာဝတီနဲ့ဆက်စပ်နေတဲ့ ဂွမြို့မှာလဲ ခြေမြန်တပ်ရင်း ခမရ ၅၆၂နဲ့ ခမရ ၅၆၃ တပ်ရင်း ၂ရင်းသာရှိပြီး AA က ထိုးစစ်ဆင်နေတာကြောင့် ဂွမြို့ဟာလဲ မကြာမီ AA လက်ထဲကျရောက်တော့မယ့် အခြေအနေရှိနေပါတယ်။

“လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ရဲ့ တိုက်တွန်းမှု့ဟာ နိုင်ငံရေး ဓာက်ကြီးလေးပါး ဖေါက်ပြန်နေတဲ့သွေးရူးသွေးတန်း ပြောဆိုခြင်းလို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ တုန့်ပြန် ပြောဆိုထားပါတယ်။လက်ရှိမှာရခိုင်ပြည်နယ် မြို့ ၁၇မြို့အနက် ၁၄မြို့နဲ့ တိုင်းစစ်ဌာနချုပ်အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များအားလုံးဟာ အာရက္ခတပ်တော် AA လက်ထဲကျရောက်သွားပြီဖြစ်ပါတယ်။မြန်အောင်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့ ၃မြို့သာကျန်ရှိနေပြီး အဲ့ဒီမြို့တွေဟာလဲ အခြားမြို့တွေလို အခိုင်အမာစစ်တပ်မှရှိတာကြောင့် နှစ်မကုန်ခင် ရခိုင်တပြည်လုံးလွတ်မြောက်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

You may have missed