နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ကောင်စီရေတပ်ကဖမ်းလိုက်တဲ့ ထိုင်းငါးဖမ်းသမားလေးဦးအား ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း မြန်မာရေတပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ထိုင်းသတင်းများမှာ ဒီကနေ့ဖော်ပြခဲ့ကြသည်။ မြန်မာရေပိုင်နက်ထဲခိုးဝင်ပြီး မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က အဆိုပါသတင်းကို တုံ့ပြန်ထားသည်။ ထိုင်းလူမျိုးတဦးလည်း သေဆုံးသွားတဲ့ ထိုဖြစ်စဉ်မှာ လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ပြီး အခုတော့ စစ်ကောင်စီလက်ထဲက ထိုင်းလေးဦး ထောင်ကျပြီဟု ထပ်မံသတင်းထွက်လာသည်။ တာ့ခရိုင်အနီးက အုန်းဖန်မှာဗုံးကွဲတော့လည်း လူသေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။ မြန်မာ့အရေးကို ဖာသိဖာသာနေခဲ့ကြသည့် အိမ်နီးချင်းများနိုင်ငံများတွင် ထိုင်းကအဓိကပါဝင်ပြီး ပေါပေါလောလောရရှိနေတဲ့ လူသားရင်းမြစ်များကို မြိန်မြိန်ကြီး ထိုင်သုံးစွဲခဲ့ကြသည်။ အခုတော့ စစ်ကောင်စီ ထင်ရာစိုင်း ရက်စက်ကြမ်းကြုတ်မှုတွေကို ထိုင်းလူမျိုးများပါ ကူးစက်ခံစားနေရသည့်အခြေအနေကို ဆိုက်ရောက်လာပြီဖြစ်သည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ