Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 16, 2025

မြန်မာ့အရေး ထရန့်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ NUG ဝန်ကြီးတွေ ကြိုးစားနေပြီး လွှတ်တော်အမတ် ၅ဦးနဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာဆာဆာပြော

အမေရိကန်အစိုးရသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်အစိုးရနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးစားနေပြီး လွှတ်တော် ၂ရပ်စလုံးက အမတ် ၅ဦးနဲ့ ကျေအလည် တွေ့ဆုံဆွေးနွေးပြီးဖြစ်တယ်လို့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဘေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တော်လှန်ရေးရံပုံငွေဈေးရောင်းပွဲတော်နဲ့ မြန်မာမိသားစုများတွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၄ရက် ကျင်းပခဲ့ပြီး အဆိုပါပွဲမှာ ဝန်ကြီး ဒေါက်တာဆာဆာကပြောခဲ့တာဖြစ်ပါတယ်။လမယ့်လမှာ ထရန့်အစိုးရတက်လာမှာဖြစ်ပြီး ကူးပြောင်းကာလမှာ Burma Act အကောင်အထည်ဖော်ဖို့အတွက် တွေ့ဆုံဖို့လိုကြောင်း၊ ထရန့်အပြင် သူ့နားက အမေရိကန်ခေါင်းဆောင်တွေ၊ အထက်လွှတ်တော် အောက်လွတ်တော် ၂ရပ်စလုံးနဲ့ မြန်မာအရေးတွေ့ဆုံဆွေးနွေးနိုင်ဖို့လိုကြောင်း၊ လွတ်တော် အမတ် ၅ဦးနဲ့ အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း ဝန်ကြီးဒေါက်တာဆာဆာက ပြောပါတယ်။

“တွေ့ဆုံပွဲမှာ အများကြီးဆွေးနွေးခဲ့တယ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံနိုင်ဖို့ ချိတ်ဆက်မှုတွေရခဲ့တယ် အရေးကြီးဆုံးကတော့ နိုင်ငံခြားရေးဝန်ကြီးကမေးခွန်းတွေကို မေးမယ့်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံဖို့လိုလာတယ် အသေးစိတ်ပြောလို့မရပေမယ့်လဲ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ အောင်မြင်တဲ့ အကောင်းဆုံး ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တယ်။ နောက်နှစ်မှာလဲ ပြန်လာဖို့ရှိတယ်။ အစိုးရသစ်မှာ တက်လာမယ့် လွှတ်တော်စားပွဲဝိုင်းမှာ ထိုင်မယ့် လွှတ်တော်ခေါင်းဆောင်တွေရဲ့ မြန်မာနိုင်အရေးတည်နိုင်ဖို့အရေးကြီးပြီး အကြမ်းအားဖြင့် သူတို့မေးမယ့်မေးခွန်းတွေကို တိုင်ပင်ဖို့ရှိတယ်”လို့ ဆိုပါတယ်။NUG နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေ့ပြီး အမေရိကန်လွှတ်တော်နဲ့ကော်မတီဖွဲ့စည်းပုံတွေကိုလည်း ကောင်းစွာလေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲကို NUG အစိုးရ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးမိုးကျော်ဦးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။တွေ့ဆုံပွဲမှာ တော်လှန်ရေးတေးသီချင်းများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး မြန်မာ့အရေးရန်ပုံငွေအတွက် ဒေါက်တာဆာဆာတီးခတ်ခဲ့တဲ့ ဂစ်တာတစ်လုံးကိုလည်းရောက်ချခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး အမေရိကန်ကိုရောက်ရှိလာတဲ့ ဝန်ကြီးဒေါက်တာဆာဆာနဲ့အတူ NUG ဝန်ကြီးတွေက အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

You may have missed