ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘက်ကနေ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၇ရက်နေ့ မနက် ၉နာရီခန့်မှာ ပဲခူးရိုးမထဲ ထန်းတောရါာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း စစ်သား’ ၄ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သေဆုံးအလောင်းများကောက်ယူပြီး တပ်ပြန်ဆုတ်သွားကြတယ်လို့ သိရပါတယ်။ဆက်လက်ပြီးလဲ ထိတွေ့တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူများစစ်ကောင်စီတပ်များအနီး သွားလာထေိုင်မှုမပြုလုပ်ကြဖို့ အထူးသတိပေးထားပါတယ်။ယခုစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ