Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
July 8, 2025

နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်

နခခ-၅ တိုက်ပွဲ ဗီဒီယိုမှတ်တမ်းအတွင်း အာရက္ခတပ်တော် AA က စက်အမြောက်တစ်ခုနဲ့ စစ်ကောင်စီရဲ့ Y 12 လေယာဉ် ပစ်ခတ်နေတာနဲ့ပတ်သတ်ပြီး စစ်လက်နက်တွေကို သုတေသနပြုထုတ်ပြန်နေတဲ့ Tactical Raptor အဖွဲ့ရဲ့ သုံးသပ်ချက်တွေကို ဒီနေ့ ဒီဇင်ဘာ ၁၅ရက်မှာ ဖော်ပြလာပါတယ်။နခခ-၅ တိုက်ပွဲရုပ်သံဖိုင်မှာ AA ပစ်ခတ်တဲ့ လေယာဉ်ပစ်တွေဆိုတာ ရေတပ်သုံး Bofors ၄၀မမ စက်အမြောက်ဖြစ်ပြီး AA ကနေ Bofors တွေသိမ်းမိထားတဲ့ နေရာ နှစ်နေရာရှိရာ စက်တင်ဘာလက သံတွဲမှာရှိတဲ့ ရေတပ်ပင်မရေငုပ်တပ်နှင့်ဆယ်ယူရေးတပ် သိမ်းနိုင်ခဲ့တုန်းက ထရပ်ကားပေါ်တင်ထားတဲ့ Bofors တစ်လက်ပါ ဓါတ်ပုံတွေ့ရတယ်လို့ Tactical Raptor အဖွဲ့က ပြောပါတယ်။နောက်တလက်က ပြီးခဲ့တဲ့ ဖေဖော်လတုန်းက ကျောက်တော်၊ မင်းပြားမြို့နယ်‌တွေက ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆုံးရှုံးခဲ့တဲ့ ကမ်းထိုးယာဉ် Landing Craft ဂေါ်ပြားတွေရှိခဲ့ပြီး AA က ထုတ်ပြန်တဲ့ ဓါတ်ပုံတွေအရ ဒီရေယာဉ်တွေပေါ်မှာလဲ Bofors 40mm တွေ အကောင်းအတိုင်း သိမ်းမိခဲ့ပုံရတယ်လို့ Tactical Raptor က သုံးသပ်ထားပါတယ်။

“လေယာဉ်ပစ်စက်အမြောက်ဆိုပေမယ့် -5° ကနေ +90° အထိ ပြောင်းကို elevation လုပ်လို့ရတာကြောင့် မြေပြင်ပစ်ဖို့အတွက်လဲ သုံးလို့ရတယ်။ စကစ ကမ်းထိုးယာဉ်တွေမှာလဲ ဘက်စုံသုံး စက်အမြောက်အဖြစ် တပ်ထားပုံရပါတယ်။ထုံးစံအတိုင်း ballistic calculator လိုမျိုးတွေ၊ anti-aircraft sight တွေ မပါလောက်ပဲ မျက်မြင်ချိန်ပြီး ပစ်ရတာ၊ အသုံးပြုတဲ့ကျည်က proximity fuze လိုမျိုး မရှိတာကြောင့် လေယာဉ်ပစ်ရာမှာ အထူးသဖြင့် တိုက်လေယာဉ်တွေကိုတော့ အရမ်းခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။”လို့ ဆိုပါတယ်။သို့ပေမယ့် အနိမ့်ပျံ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေကိုတော့ လက်နက်က သဘောတရားအရ ထိရောက်မှုရှိနိုင်ပေမယ့် AA လက်ထဲမှာ Bofors ဘယ်နလက်ရှိထားလဲ၊ အသုံးပြုဖို့ ကျည်‌ဘယ်လောက်ရှိလဲ ဆိုတာတွေကလဲ ကန့်သတ်ချက်တွေရှိဦးမှာဖြစ်ပြီး ရုပ်သံဖိုင်မှာတော့ စကစ Y-12 လို့ယူဆရတဲ့ လေယာဉ်ကို ပစ်နေတာ တွေ့ရပါတယ်။ဒါပေမယ့် စဉ်းစားစရာတစ်ချက်ကတော့ ၂လ နီးပါး အဝိုင်းခံရတဲ့ နခခ-၅ ကို စကစဘက်ကနေ ရဟတ်ယာဉ်တွေသုံးပြီး အင်အားဖြည့်တာ၊ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ CASEVAC လုပ်တာမျိုးတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူး ယူဆရကြောင်း၊ AA မှာ Bofors တွေ အပြင် M2 Browning လို 0.5 စက်သေနတ်ကြီးတွေလဲ ရှိနေတော့ စခန်းကိုလာမယ့် ရဟတ်ယာဉ်တွေကိုတော့ ကောင်းကောင်းဟန့်တား ထားနိုင်တယ် ပြောလို့ရနိုင်မှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

“AA ရဲ့ anti-aircraft artillery / heavy machine gun တွေကြောင့် လေယာဉ်ပစ်ချနိုင်တာမရှိခဲ့ပေမယ့် စကစ ရဟတ်ယာဉ်တွေအတွက် လွတ်လွတ်လပ်လပ်ပျံသန်းနိုင်တဲ့ permissive environment တစ်ခု မဖြစ်အောင် ဖိအားပေးနိုင်ခဲ့ပုံရတယ်။”လို့ ဆိုပါတယ်။နခခ-၅ မှာ ချောင်းတစ်ခုခံနေပြီး စစ်ကောင်စီအတွက် natural barrier လိုမျိုး ကာပေးထားခြင်း၊ မီတာရာနဲ့ချီပြီး အကာအကွယ်မရှိတဲ့ ပစ်ကွင်းတွေ ဖြစ်နေခြင်းအပြင် AA အနေနဲ့ အကာအကွယ်မရှိတဲ့ ပစ်ကွင်းကို အမြန်ချဉ်းကပ်ဖို့ သံချပ်ကာယာဉ်တွေလဲမရှိခဲ့တာကြောင့် ဒီလို အဘက်ဘက်က အသာရနေတာကိုမှ supply run ထိထိရောက်ရောက်မလုပ်နိုင်လို့ နခခ-၅ ကျရတယ်လို့ စစ်ကောင်စီထောက်ခံချန်နယ်တွေမှာ ဝေဖန်သံတွေဟာလဲ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။’Mi-17 တစ်စီး နှစ်စီးလောက် အသေခံပြီး supply run လုပ်ခဲ့ပေးရမှာ။ ဒါမှ အဘကလဲ အသေခံပြီး ထောက်ပို့ပေးခဲ့တယ် ပြောလို့ရတယ်။ ကိုယ်တွေအတွက်လဲ အကျိုးရှိတယ်”လို့ နခခ ၅ရဲ့ကျဆုံးရခြင်းအပေါ် AA ရဲ့ လေယာဉ်ပစ်လက်နက်အကြောင်း Tactical Raptor အဖွဲက သုံးသပ်ထားပါတယ်။

You may have missed