Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 14, 2026

သူ့နိုင်ငံနယ်စပ်နားအခြေစိုက်တဲ့ တိုင်းရင်းသားတပ်တွေကို တဖွဲ့ပြီးတဖွဲ့ တရုတ်ကခေါ်တွေ့နေ

ကချင်နှင့်တရုတ်ဆွေးနွေးပွဲရလာဒ်လို့ယူဆရတဲ့ ပြောင်းလဲမှုတွေကို မြင်ရအပြီးမှာ မကြာမီရက်ပိုင်းအတွင်းမှာလည်း ကိုးကန့်တပ်မတော် MNDAA နဲ့ တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံကြတော့မယ်လို့ သိရပါတယ်။ တွေ့ဆုံမှုဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကို သိမ်းယူပြီး စစ်ကောင်စီရဲ့လေကြောင်းဗုံးဒဏ်ကို MNDAA က ကြံ့ကြံ့ခံခဲ့အပြီး ယခုလဒီဇင်ဘာ ၃ ရက်နေ့မှာတော့ ၄င်းတို့ဘက်က ထိုးစစ်ကိုရပ်ထားလိုက်ပြီး တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကို ခံယူမယ့်အကြောင်း ကြေငြာလိုက်ပါတယ်။MNDAA ရဲ့ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့လည်း လေကြောင်းဗုံးကြဲမှုနှင့် မြေပြင်ထိုးစစ်တွေကို ရပ်တန့်ထားပေးဖို့ ပါဝင်တာတွေ့ရပါတယ်။ တရုတ်က ကြားဝင်ဖြေရှင်းမယ့် စေ့စပ်ဆွေးနွေးပွဲကို MNDAA က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်းနဲ့ နိုင်ငံရေးနည်းလမ်းကို ထောက်ခံ အားပေးပေမဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကိုတော့ အရင်အတိုင်းဆွဲကိုင်ထားမှာဖြစ်ကြောင်းလည်း ပါရှိပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာလတွင်းမှာပဲ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်ဘက်က တဖွဲ့ချင်း ခေါ်ယူဆွေးနွေးလာခဲ့ပါပြီ။ ဒီဇင်ဘာလ ၁ရက်နေ့က အာရက္ခတပ်တော် AA နဲ့ တရုတ်အဖွဲ့တို့ဟာ ထိန်ချုံးမြို့မှာ တွေ့ဆုံခဲ့ကြောင်း ၊ ဒီဇင်ဘာလ ၃ရက်နေ့က UWSA နဲ့ဆွေးနွေးကြောင်း၊ ဒီဇင်ဘာလ ၈ရက်နေ့က TNLA နဲ့ဆွေးနွေးပြီး ဒီဇင်ဘာလ ၁၁ရက်နေ့မှာ KIA အဖွဲ့နဲ့ ကူမင်းမှာ တွေ့ဆုံခဲ့ကြကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရပါတယ်။MNDAA နဲ့ တရုတ်ဆွေးနွေးပွဲကတော့ ဒီဇင်ဘာ ၁၅ ရက်နေ့ကို သတ်မှတ်ထားကြောင်း သိရပါတယ်။ တရုတ်ဘက်က ထိန်းသိမ်းထားကြောင်း သတင်းထွက်ခဲ့တဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာလည်း သူ့နေရင်းနေရာကို ပြန်ရောက်နေပြီလို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်လာပါတယ်။ လက်ရှိမှာတော့ တရုတ်ဟာ ကေအိုင်အေထိန်းချုပ်နယ်မြေတွေမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လိုက်ပါပြီ။ MNDAA ကိုးကန့်နဲ့ UWSA ဝနယ်တွေမှာတော့ ဆက်လက် ပိတ်ထားဆဲ ရှိနေပါတယ်။ အကျိုးစီးပွားရေး ဆွေးနွေးပွဲတွေ တရုတ်နှင့် ကိုးကန့်ဆွေးနွေးပြီးရင်တော့ ကေအိုင်အေနယ်မြေလိုပဲ ဂိတ်တွေပြန်ပွင့်လာဖို့ ဒေသခံတွေက မျှော်လင့်နေကြပြီဖြစ်သည်။

You may have missed