Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 16, 2026

မတ္တရာမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၃ဦးသေဆုံး

မတ္တရာမြို့အနာက်ဘက်ခြမ်းက ရွာအချို့ကို တော်လှန်ရေးတပ်တွေပြန်သိမ်းပိုက်နေချိန်မှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာနဲ့ ရွာလုံးကျွတ် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက မတ္တရာမြို့နယ် စကျင်ရွာအတွင်းကို တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network အဖွဲ့က အသိပေးပါတယ်။နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး လူနေအိမ် ၄လုံးလဲပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။စကျင်ရွာဟာ မတ္တမြို့ရဲ့မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာကြီး တရွာဖြစ်တယ်လို့လည်း သိရပါတယ်။ဒီဇင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး မတ္တရာမြို့နယ် အနောက်ဘက် ဆင်ကုန်းရွာနဲ့ ပိုဝမြောက်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်ကလည်း မြွေသစ်တောရုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း နဲ့ တောင်တံငါ တပ်စခန်း အပါအဝင် စစ်ကောင်စီ စခန်း ၄၀နီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့ကကျေးရွာတွေကို စစ်ကကောင်စီက နိုဝင်ဘာလကစပြီး စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာအချို့ကို လက်လွှတ်ခဲ့ရပါတယ်။မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာသစ်ရွာ၊ ဝန်စုရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို စစ်ကောင်စီလက်ကနေ ပြန်သိမ်းခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF) က ဒီဇင်ဘာ ၉ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်ကြောင်း ၅ ကြောင်းနဲ့ ဒေသတွင်း စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။မတ္တရာမြို့နယ်ဟာ မန္တလေးမြို့နဲ့ နီးတာကြောင့် စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းလာတာဖြစ်ပါတယ်။စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ကားလမ်းပိုင်းကို သွားလာခွင့် ယာယီကန့်သတ်သွားမယ်လို့ နိုဝင်ဘာ ၂၅ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်ခဲ့ပါတယ်။

You may have missed