ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း ကရင်နီပြည်အမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးသည်။ဒီဇင်ဘာလ (၇)၊ (၈)ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂)တပ်မှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။အဆိုပါ အဆိပ်ငွေ့ပြားများကိုတစ်ပါတည်း ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီး ဝန်ကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှုရှိက်မိသော ရဲဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရသည်ဟု သိရသည်။
ဒရုန်းဖြင့် လာရောက်တိုက်ခိုက် ချိန်တွင် တော်လှန်ရေးရဲဘော်များထိခိုက်မှုများမရှိခဲ့သော်လည်း အထက်ပါဝေဒနာများ ခံစားကြရ၍ ဗုံးသီးကျရောက်ခဲ့သော နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။အထက်ပါအခြေနေများကြောင့် အများပြည်သူများအနေဖြင့် သတိကြီးစွာထား၍ မိမိတို့အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာ များသို့ ပုန်းခို၍ ရှောင်ရှားကြရန် အထူးအသိပေးထားသည်။ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှု များ ကြိုကြားဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီဖက်မှ ဒရုန်းအားပြု၍ စစ်ဆင်ရေးများလုပ်ဆောင်လာသလို အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာ၍ အထူးသတိပြုကြရန်တိုက်တွန်းထားသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ