Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
June 24, 2026

အကြမ်းဖက် ရဲနှစ်ဦးကို ဖမ်းဆီးရာမှာခုခံတာကြောင့် PDF တွေ အသေပစ်ခတ်ခဲ့ရ

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က လက်မှတ်ကုန်းနယ်မြေ ရဲစခန်းက ရဲနှစ်ဦးသည် အရပ်ဝတ်ကိုယ်စီဖြင့် သတင်းထောက်လှမ်းဖို့ထွက်လာစဉ် တော်လှန်ရေးတပ်များက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်ဆိုသူ နှစ်ဦးအား မကျည်းတိုင်း-ဖိုးကိုးလမ်းပိုင်းတွင် ဖမ်းဆီးဖို့လုပ်ရာမှာ လက်ပစ်ဗုံးဖြင့်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောပါတယ်။

၄င်းတို့က လက်ပစ်ဗုံးနဲ့ပြန်လည်ခုခံဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်များပစ်ခတ်မှုကြောင့် တဦးက ပွဲချင်းပြီးသေကာ နောက်တဦးမှာတော့ သွေးထွက်လွန်သေကြောင်း PDFတာဝန်ခံ က ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ် ၂နာရီခန့်မှာတော့ အင်အား ၁၅ဦးခန့်ပါ ရဲကား ၂စီးရောက်ရှိလာသော်လည်း အခင်းဖြစ်တဲ့ နေရာကိုတောင် မရောက်လာရဲဘဲ နောက်လှည့်ပြန်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ သေဆုံးသွားတဲ့ ရဲနှစ်ဦးထံမှ သေနတ်သိမ်းယူနိုင်ခြင်းမရှိပေမယ့် လက်ပစ်ဗုံးတစ်လုံး၊ ရဲစာရွက်စာတမ်းများနှင့် ဖုန်း သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်း ရေနံချောင်း PDFက အသိပေးပါတယ်။ People’s Defence Force -Yenangyaung ၊Tamar Myay Special Coloum, Midland Dolphin’s Coloum တို့ ပူးပေါင်းတိုက်ခိုက်အောင်မြင်မှု ဖြစ်သည်။

You may have missed