Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 14, 2026

လွိုင်ကော်မှာ စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်နဲ့ ကုန်းဆွတ်ပအိုဝ်းရွာအကျော်မှာ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF B14 တပ်ဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ပအိုဝ်းရွာအကျော်ရှိ ကျောက်ကြီးအနီးမှာ လမ်းလုံခြုံရေး လုပ်နေတဲ့ စစ်ကောင်စီ တပ်သားများကို KNDF B14 ရဲဘော်တွေက ပြောင်းခင်းများကြား စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ဦးအနက် ဖရူဆိုတပ်ကပင်စင်ယူဖို့ ၂ နှစ်သာလိုတော့တဲ့ ဒုအရာခံ ဗိုလ် အသက် ၅၅ နှစ်ရှိသူ လည်းပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း လွိုင်ကော်မြို့ ပြင် တစ်နေရာမှာ ကင်းပုန်းဝပ်စစ်သားတွေကို သွားရောက် တိုက်ခိုက်ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက် နဲ့ ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ လွိုင်ကော်မြို့နယ်တစ်၀ိုက် က စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီ့ကလည်း စစ်ကြောင်းထိုးဖို့ စစ်အင်အားများဖြည့်တင်းနေတယ်လို့ သိရပါတယ်။

You may have missed