စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားဗျူဟာလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်လို့ ကား ၁စီးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်အချို့ရရှိခဲ့ကြောင်း DOUNG NI People Defence Force – DNPDF က မနေ့က ဒီဇင်ဘာ ၁၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ၂၅ရက်နေ့ ညနေ ၃နာရီခန့်မှာ ဝက်လက်မြို့နယ် ရှိုန်းမကားဗျူဟာလမ်းမပေါ် စကျင်ဘက်ကနေ ပြည်သူပိုင်ကားကို အတင်းလုယူထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်၃စီးကို ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ယာဉ်တစ်စီးကို ချေမှူန်းနိူင်ခဲ့ပြီး ကျန်၂စီးမှာထွက်ပြေးလွတ်မြောက်သွားပြီး ချေမှုန်းနိူင်ခဲ့သောကားတစ်စီးကနေ စစ်သား ၂ဦးနဲ့ ပျူစောထီးခေါင်းဆောင် ၁ဦးလိုက်ပါလာသလို လက်နက်အနည်းငယ်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ