မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ramonya Guerrilla Force အဖွဲ့ထံက သိရပါတယ်။အလင်းဝင်လာတဲ့ ခမရ-၂၉၉ တပ်ရင်းမှ ပြည်သူ့စစ် သင်တန်းဆင်း တပ်သား စောစိုးထက်အေးဟာ ရေးမြို့မြောက်ပိုင်းတပ်ခွဲ ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) ထံသို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပြည်သူ့စစ် သင်တန်းဆင်း တပ်သားစောစိုးထက်အေးဟာ MA-11 သေနတ် ၁ လက်၊ ကျည်တောင့် ၁၂၀ ၊ ကျည်ဘောက် ၃ ခု၊အီနာဂါ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နဲ့ စစ်အသုံးအဆောင်ပစ္စည်းများပါ ယူဆောင်လာပြီး တပ်ခွဲ တာဝန်ရှိသူထံ အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ပေးခြင်းအတွက် ရာမညပြောက်ကျားတပ်ဖွဲ့အနေဖြင့်လည်း အသီးသီးသော တော်လှန်ရေး အဖွဲ့အစည်းများ နည်းတူ ဝမ်းမြောက်တက်ကြွစွာ ကမ်းလှမ်းကြိုဆိုနေတယ်လို့ ဆိုပါတယ်။အလင်းဝင်ရောက်ဖို့ ဆက်သွယ်မယ့် နည်းလမ်းများကို တပ်တွင်း (ဖရဲသီး)များထံ ဖြန့်ဝေထားပြီးဖြစ်ပြီး ICC နိုင်ငံတကာ တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံရတော့မယ့် အကြမ်းဖက် စစ်အုပ်စုအတွက် ဘဝပေးဆပ်နေမှုများကို ရဲဝံ့စွာ ရုန်းထွက်နိုင်စေဖို့ အစဉ်တစိုက် ကမ်းလှမ်းနေကြောင်း Ramonya Guerrilla Force တာဝန်ရှိသူက ပြောပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ