ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။KNU တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့ မနက်(၅)နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တောင်သုံးလုံးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တောင်သုံးလုံးစခန်းအပြင် ဒီဇင်ဘာ ၁၀ရက်နေ့မှာလည်း ဖာပွန်ခရိုင်ထဲက ဆင်စွယ်စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တော်လှန်ရေးပူးပေါင်းတပ်တွေဟာ KNLA တပ်မဟာ၅ နယ်မြေမှာ စစ်ရေးအရ အရေးပါတဲ့ ကူးဆိပ်စခန်း၊ မထောစခန်းနဲ့ ခေါပုတ်စခန်းကြီးတွေကို သိမ်းပိုက်ထားပြီး ဖာပွန် ကမမောင်းလမ်းတလျှောက်က စခန်းတွေကို တိုက်ခိုက်ရှင်းလင်းနေတယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ