Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

တောင်ငူလေတပ်စခန်း ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြစိုက် တောင်ငူလေတပ်စခန်းဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်( တပခ) တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ ၁၁ ရက်၊ ည ၁၁ နာရီ အချိန်မှာ စစ်ကောင်စီ တောင်ငူ (ကေတုမတီ) လေတပ် စခန်းအတွင်း၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၃လုံးကို အောင်မြင်စွာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။တပြိုင်နက်ထဲမှာပဲ ပစ်မှတ် B အနေနဲ့ မနေက ည ၁၁ နာရီ အချိန်မှာ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ဖြင့်ပစ်ခတ်ရာ ၂ လုံး ကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။တောင်ငူလေတပ်စခန်းနဲ့ တပခကို တိုက်ခိုက်ခဲ့တဲ့ မစ်ရှင်တွေအတွင်း စစ်ကောင်စီဘက် မှထိခိုက် thay ဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းလျက်ရှိပြီး စုံစမ်းသိရှိရသည်များကိုအချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။တောင်ငူလေတပ်စခန်းဌာနချုပ်သည် မြန်မာပြည်တစ်ဝန်း အရပ်သားပြည်သူများကို ဗုံးကြဲ သတ်ဖြတ်ရာမှာ စစ်ရှုံးကောင်စီက အဓိကထားအသုံးပြုနေတဲ့ လေတပ်စခန်းများထဲမှတစ်ခုဖြစ်တဲ့အပြင် တောင်ပိုင်းတော်လှန်ရေးအင်အားစုများကို လည်း အဓိက ဒုက္ခပေးနေတဲ့ လေတပ်စခန်းဖြစ်တဲ့အတွက် ပူးပေါင်းတိုက်ခိုက်ရခြင်းဖြစ်တယ်လို့ BWM အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ)ဟာလည်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ၎င်းနဲ့ထိစပ်နေတဲ့ နေရာဒေသတွေကတော်လှန်ရေး အင်အားစုတွေနဲ့ အပစ်မယ့်ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ တပ်ဖွဲ့ဝင်များကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ အရေးပါသော တိုင်းစစ်ဌာနချုပ်ဖြစ်အတွက် အဓိက ပစ်မှတ်အနေနဲ့ တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။တောင်ငူလေတပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပခတို့ကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့ကလည်း ရန်ကုန်တိုင်းအခြေစိုက် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၃ ဦး၊ စစ်သည် ၁၂ ဦးသေဆုံးပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နဲ့ အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို Y-8 ထောက်ပို့စစ်လေယာဥ် ၁စီး၊ Y-12 တိုက်ခိုက်ရေး စစ်လေယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး ဂိုဒေါင်၊ ပြေးလမ်း နဲ့ စီမံခန့်ခွဲရေးရုံးတို့လည်းမီးလောင်ပျက်စီးခဲ့ပါတယ်။တောင်ငူလေတပ်ကိုလည်း ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်မှု ၆ကြိမ်မြောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီလေတပ်အရာရှိသေဆုံးမှုတွေ လေတပ်ထဲက အဆောက်အအုံပျက်စီးမှုတွေ နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ပျက်စီးခဲ့ပါတယ်။BWM ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီအတွက် တခုတည်းအားထားရာ လေတပ်စခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်ပြီး မစ်ရှင် ၂၆ခုထိရှိလာပြီလို့ သိရပါတယ်။

You may have missed