စစ်တပ်ရဲ့အရာရှိကြီးတွေကို သေဆုံး၊ လက်ရဖမ်းမိပါက လိမ်ညာသတင်းထုတ်ပြန်လေ့ရှိတဲ့စစ်ကောင်စီအတွက် စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ကိုယ်ရေးအရာရှိဗိုလ်ကြီးနဲ့တကွ နောက်လိုက်များနဲ့အတူ အရှင်လက်ရဖမ်းမိကြောင်း ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်လာပါတယ်။နခခ ၅ထဲက လက်နက်ချလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဖော့ချပ်တွေကို အလံဖြူအဖြစ်ကိုင်ဆောင်ကာ လက်နက်ချလာတာကိုလည်း ရုပ်သံဖိုင်မှာ တွေ့ရသလို AA တပ်ဖွဲ့ဝင်တစ်ဦးက မိနစ် ၂၀အချိန်ပေးမှာဖြစ်ကြောင်း လော်ဖြင့်အော်ပြီးနောက် လက်နက်ချလာတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။အဲ့ဒီနခခ ၅ထဲက စစ်သားတွေဟာ AA ပိတ်ဆို့တိုက်ခိုက်နေတဲ့ ဩဂုတ်လထဲက အစာရေစာပြတ်တောက်ကာ ပိတ်မိနေပြီး ဗိုလ်မှူးချုပ်သူရိန်ထွန်းလဲ ကိုယ်လွတ်ရုန်းပြေးသွားတာကြောင့် ကယ်တင်ပေးဖို့ပြောဆိုတဲ့ ရုပ်သံဖိုင်ဟာလဲ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။မောင်တော နခခ၅စခန်းကြီးအတွင်းကနေ မရေမတွက်နိုင်တဲ့ လက်နက်ခဲယမ်းတွေကိုလည်း AA က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
မောင်တောမြို့နယ်မှာ နောက်ဆုံးခုခံကျန်နေတဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း ၊ နခခ ၅ ကို ဒီဇင်ဘာ ၈ရက်မနက်မှာ သိမ်းပိုက်ခဲ့ပြီး ညပိုင်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ အရာရှိကြီးတွေကို လာရောက်ကယ်ဆယ်တဲ့ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိကြီး ၃ဦးခန့်ကို ဖမ်းဆီး ရရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၈ရက်နေ့ ညပိုင်းမှာ နတ်မြစ်ကပြေးဖို့လုပ်နေတဲ့ ဗိုလ်မှူးချုပ်သူရိန် ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အာဆာ တပ်ဖွဲ့ဝင် အင်အား ၈၀ ပါအဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နခခ ၅ထဲမှာ ပိတ်မိနေတဲ့ အောက်ခြေစစ်သားနဲ့ရဲတွေကို ထားခဲ့ကာ ကိုယ်လွတ်ရုံးပြေးတဲ့ ဗိုလ်မှူးချုပ်နဲ့အဖွဲ့ကို ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ မူဆလင်လက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးရခိုင်ဒေသအတွင်းပြည်သူတွေကို သတ်ဖြတ်ကာ နေအိမ်မီးရှို့မှုတွေ ကို စေခိုင်းသူဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။မောင်တောမြို့မှာ နောက်ဆုံးလက်ကျန်စခန်းတစ်ခု အဖြစ် ကျန်ရှိနေတဲ့ (နခခ-၅) စခန်းကို ဒီဇင်ဘာလ (၈) ရက်နေ့၊ မနက် (၉) နာရီ (၃၀) မိနစ်အချိန်မှာ အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာကြောင့် မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဒီနေ့မနက်အစောပိုင်းမှာ AA က ထုတ်ပြန်ကြေညာပါတယ်။
နခခ (၅) စခန်းဟာ မောင်တောမြို့ရဲ့ မြို့သူကြီးရပ်ကွက်မှာတည်ရှိပြီး စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး စခန်းပတ်ပတ်လည် သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားကာ တစ်ခုနှင့်တစ်ခုအကြား သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားတယ်လို့ သိရပါတယ်။အချို့နေရာများမှာ ပေ (၂၀) ခန့်ကျယ်တဲ့ ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားသလို ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။ဒါ့အပြင် သဘာဝတရားရဲ့ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးမှာ ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းဖို့ မလွယ်ကူတဲ့ အနေအထားမျိုး တည်ရှိနေပြီး အာရက္ခစစ်သည်တော်များဟာ တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ စခန်းကြီးဖြစ်ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ရတာကြောင့် အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရတယ်လို့ သိရပါတယ်။
နခခ (၅) စခန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နဲ့ ပူးပေါင်းတိုက် ခိုက်နေကြတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြတဲ့ RSO၊ ARSA၊ ARA နဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက် ကိုင်တပ်ဖွဲ့ဝင်များအပြင် မောင်တောဒေသနဲ့ကပ်လျက်ရှိတဲ့ အခြားသောမြို့များရှိ စစ်ကောင်စီ၏စခန်းများမှ ထွက်ပြေးလွတ်မြောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များအားလုံးဟာ နခခ (၅) ထဲမှ အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။အာရက္ခတပ်တော် AA ဟာ ပလက်ဝဒေသအပြင် ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၃မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ