Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
February 15, 2026

နပခကို အပြီးသတ်သိမ်းနိုင်ဖို့ အေအေဘက်က ကြိုးစားနေပြီး စစ်ကောင်စီစစ်ပြေးတွေကိုတားဆီးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က လုံခြုံရေးတိုးမြှင့်နေ

အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်အတွင်းကို အေအေတပ်များက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာပဲ ထိုးဖောက်ဝင်ရောက်နေကြပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှသိရပါတယ်။ မောင်တောမှာရှိတဲ့ အမှတ် ၅ နယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော်က အောင်မြင်မှုအပြီးမှာပဲ တဖက်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေဘက်ကလည်း နတ်မြစ်ထဲမှာ လုံခြုံရေးတွေ တင်းကျပ်ချထားလိုက်ပါတယ်။ အမြဲစစ်ရှုံးနေကျ စစ်ကောင်စီတပ်တွေဟာ စစ်ရှုံးတိုင်းမှာလည်း တဖက်နိုင်ငံကို ပြေးဝင်နေကျဖြစ်တာမို့ ဒါကိုတားဆီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အခုလို လုံခြုံရေးတိုးမြှင့်လိုက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းတွေထဲ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အခြေအနေဟာ ဆိုရင်လည်း စစ်ကောင်စီတပ်သားများကို လက်နက်ချဖို့ AA က နောက်ဆုံးအနေနဲ့ တိုက်တွန်းနေကြတဲ့အချိန်မျိုးဖြစ်ပါတယ်။

ရန်သူစစ်ကောင်စီကလည်း စစ်ကူအလာစောင့်ရင်း ခုခံဖို့ကြိုးစားနေမှုကြောင့် ပစ်ခတ်သံတွေလည်း ပြင်းပြင်းထန်ထန်ကြားနေရတယ်လို့ သတင်းများက ဆိုပါတယ်။ ဒီချိန်မှာပဲ စစ်ကောင်စီတပ်ဘက်က နပခ မကျဖို့ လေကြောင်းနဲ့ခုခံနေကြသလို မင်းဘူး – အမ်းလမ်းကြောင်းဆီမှလည်း စစ်ကူအင်အားတွေ ရောက်နေပြီလို့ ဆိုကြပါတယ်။ စစ်ရေးသတင်းတွေထဲမှာ နပခ မကျဖို့အတွက် မင်းဘူး အမ်းလမ်းမှတဆင့် ရန်သူတပ်တွေအင်အား ၂၀၀ ခန့်ရောက်နေကြောင်း၊ စစ်ကောင်စီဟာ တရုတ်ရေနံပိုက်လိုင်းတွေကိုလည်း အကာအကွယ်ယူထားတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။AA ရဲ့အောင်မြင်မှုနဲ့ပက်သက်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ တရားဝင်သတင်းထုတ်ပြန်ထားချက်မှာတော့ နပခ မှလွဲပြီး ကျန်တပ်စခန်းအားလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ မောင်တောဘက်မှာတော့ စစ်ကောင်စီတပ်တွေဟာ နတ်မြစ်ထဲကနေ လှေစီးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးနေလို့ လိုက်ရှင်းနေတယ်လို့ ဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဘက်ကတော့“ဘယ်သူ့ကိုမှ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ဝင်ရောက်ခွင့်မပေးနိုင်ကြောင်း၊ ဂျလိုင်ရာကျွန်းကနေ စိန့်မာတင်ကျွန်းအထိ ကင်းလှည့်စောင့်ကြည့်နေပြီး ရေလုပ်သားတွေကိုလည်း နယ်စပ်မကျော်ဖို့ ညွှန်ကြားထားကြောင်း” ဆိုထားပါတယ်။ ရှမ်းမြောက်ဒေသက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကျသွားခြင်းဟာ တော်လှန်ရေးအောင်မြင်မှုအချိုးအကွေ့ပမာဖြစ်ခဲ့ရပြီး နောက်တခါ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျမယ့်အချိန်ကို တော်လှန်ရေးအင်အားစုတွေဘက်က ကြိုးစားတိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။

You may have missed