Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

နခခ ၅ ကိုအောင်မြင်ဖို့ ဖြတ်သန်းခဲ့တဲ့အခက်အခဲများကို ရခိုင့်တပ်တော်က ထုတ်ပြန်

အမြင့်မားဆုံးအောင်ပွဲတွေရရှိနေတဲ့ ရခိုင့်တပ်တော်ဟာ မောင်တောမြို့ကို စက်တင်ဘာ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ပေမယ့် မြို့စောင့်တပ်ဖြစ်တဲ့ နခခ ၅ ကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့ကျမှသာ သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ နခခ ၅ မှာအင်အား ၇၀၀ ကျော်ရှိပြီး အကာအရံမိုင်ပေါင်း ၁၀၀၀ ကျော် ကာရံထားတာဖြစ်လို့ အာရက္ခစစ်သည်များရဲ့ ရဲစွမ်းသတ္တိကို အောင်ပွဲရုပ်သံနှင့်အတူ တော်လှန်ရေးအင်အားစုအသီးသီးက အားကျစရာဖြစ်ခဲ့ရပါတယ်။နခခ (၅) စခန်းသည် မောင်တောမြို၏ မြိုသူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူ အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း ၊ စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားကာ အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားကြောင်း၊ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိတဲ့အပြင် ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်သည်ဟု ရခိုင့်တပ်တော်က ဖော်ပြထားပါတယ်။

ဒါ့အပြင် သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေကြောင်း၊ မိမိတိုအာရက္ခစစ်သည်တော်များသည် နခခ ၅ ကိုအောင်မြင်ဖို့ တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု အေအေက ဆိုထားပါတယ်။ဤစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရခိုင့်တပ်တော်က ရှင်းလင်းခဲ့ရပါတယ်။ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့မှာလည်း တိုက်ပွဲအတွင်းအသက်နှင့်ကိုယ်လက်အင်္ဂါတိုကို စွန့်လွှတ်ပေးဆပ်ခြင်းတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ဝိုင်းရံပိတ်ဆိုထားကာ အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်ထိုးစစ်ဆင်ပြီး ထိုးစစ်ရက်ပေါင်း (၅၅) ရက်ထိ ကြာမြင့်ခဲ့ကြောင်း၊ အလောင်းများစာရင်းအရ ရန်သူ (၄၅၀) အထက် သေဆုံးနိုင်ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင် အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြား နှင့် RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲဝင်များအား သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း အေအေဘက်က ထုတ်ပြန်ပါတယ်။

ပိတ်မိရင်းခုခံနေကြတဲ့ နခခ ၅ စခန်းတွင်းမှ ရန်သူ စစ်ကောင်စီအင်အား ၇၀၀ ကျော်အနက် ၄၅၀ အထက်ကို ရခိုင့်တပ်တော်က ရှင်းလင်းကာ မောင်တောအလုံးစုံကို အောင်မြင်လိုက်ကြပါပြီ။ သတ္တိပြောင်မြောက်သော အာရက္ခစစ်သည် တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ရခိုင့်တပ်တော် အေအေဘက်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့သည်။

You may have missed