အမျိုးသားညီညွတ်ရေးအစိုးရမှ ပုံမှန်ထုတ်ပြန်လျက်ရှိတဲ့ ပြည်သူနှင့်နိုင်ငံတကာသို့သတင်းစကားထုတ်ပြန်ချက်အစီအစဉ်မှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခုနှစ်ဦးပိုင်းကနေ နိုဝင်ဘာလထိ အလင်းဝင်လာသူဦးရေဟာ ၄၇၅ ဦးထိရှိပြီး စစ်ကောင်စီစစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်နှင့် ရဲဘက်မှ ဒုရဲမှူးအဆင့်တို့ပါဝင်ကြောင်း သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးကိုအောင်မြင်ဖို့ကြိုးစားရာမှာ သွေးထွက်သံယိုမှု နည်းသမျှနည်းအောင် ရှေးရှူဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။ ပြည်သူ့ရင်ခွင်ခုံလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး အခုထိလည်း အလင်းဝင်သူတွေကို စီစစ်လက်ခံကူညီနေတဲ့အကြောင်းသိရပါတယ်။ ဦးနေဘုန်းလတ်က အလင်းဝင်ရောက်လာမှုအခြေအနေကို ဆက်လက်တင်ပြရာမှာ နိုဝင်ဘာလအထိ ခြေလျင်တပ်သား(၃၀၂)ဦး၊ ရေတပ်သား(၁၁) ဦး၊ လေတပ်သား(၁၁) ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃၃) ဦး၊ အကျဉ်းဦးစီးဝန်ထမ်း (၅) ဦး စုစုပေါင်း (၄၇၅) ဦးရှိကြောင်း ဆိုပါတယ်။
ထိုသို့အလင်းဝင်ရာမှာ လက်နက်ယူဆောင်လာနိုင်သူတွေကို လက်နက်အမျိုးအစားပေါ်မူတည်ပြီး ချီးမြှင့်ငွေတွေလည်း ပေးနိုင်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပေမယ့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိသေးပေမယ့် တပ်တွင်းမှနေပြီး အာဏာဖီဆန်မှုပြုနေသူများ၊ တော်လှန်ရေးကိုပံ့ပိုးနေသူများလည်းရှိကြောင်း ဦးနေဘုန်းလတ်က ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိအချိန်အခါဟာ မင်းအောင်လှိုင်နဲ့လမ်းခွဲပြီး ဂုဏ်သိက္ခာရှိတဲ့ထွက်ပေါက်ကို ရှာခြင်းကသာ အားလုံးအတွက် ကောင်းမွန်တဲ့နည်းလမ်းဖြစ်တဲ့အကြောင်း သမ္မတရုံးပြောခွင့်ရသူက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြတ်ပြတ်သားသား ပြောဆိုသွားပါတယ်။အခုဆိုရင် တော်လှန်ရေး သုံးနှစ်ကျော်အတွင်း စစ်သား ၃,၇၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်နှင့် ဝန်ထမ်း ၁၅,၀၀၀ခန့်ဟာ တော်လှန်ရေးဘက်ကို ကူးပြောင်းအလင်းဝင်ခဲ့ပြီဖြစ်ကြောင်း ပြည်သူနှင့်နိုင်ငံတကာသို့ သတင်းစကားအစီအစဉ်အရ သိရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ