မန္တလေးတိုင်းအတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပြင်ဦးလွင်ခရိုင် ပကဖရဲ့ အပတ်စဉ် က/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖအသံက ထုတ်ပြန်ပါတယ်။ပြင်ဦးလွင်ခရိုင် ပကအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့ တပ်ဖွဲ့ဖြစ်ပြီး မန္တလေးတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ ၁ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ မိုးကုတ် – မန္တလေးလမ်းပိုင်းရှိ ချောင်းကြီးရဲစခန်းကို ဘူဒိုဇာသုံးပြီး တိုက်ခိုက်သိမ်းပိုက်မှု၊ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို (၁၀၇)မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွေအပြင် မန္တလေးတိုင်းအတွင်းက မြို့သိမ်းတိုက်ပွဲတွေမှာ MDY PDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ Brave Warriors for Myanmar(BWM) စတဲ့ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းကာ ပြင်ဦးလွင်ခရိုင် ပကဖအဖွဲ့တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ