Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
December 9, 2025

ဟားခါးနဲ့ ထန်တလန်ကြားက အော်တိုတောင်စခန်းကြီးကိုပြန်လည်သိမ်းပိုက်ပြီး မြို့ ၂မြို့ကြား စစ်ကောင်စီကင်းစင်နယ်မြေဖြစ်

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက အော်တိုတောင်စခန်းကြီးကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်တာကြောင့် မြို့ ၂မြို့ကြားမှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ သိရပါတယ်။ဟားခါး-ထန်တလန်ကြားက အရေးပါတဲ့ အော်တိုတောင်စခန်းကြီးကို မနေ့ကဒီဇင်ဘာ ၈ရက်မှာ တနေကုန်နီးပါး စစ်ရေးဖော်ဆောင်ခဲ့ပြီး ညနေ ၃နာရီခွဲလောက်မှာ စခန်းအတွင်းဝင်ရောက်စီးနင်းကာ သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထန်တလန်မြို့ထဲ ထွက်ပြေးသွားကြပြီး ချင်းပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။

အဲ့ဒီ အော်တိုတပ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလမှာ စစ်ကောင်စီတပ်က ပြန်လည်ရရှိသွားခဲ့ပြီးနောက် ပြန်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ ဟားခါးနဲ့ ထန်တလန်ကြားက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့စခန်းတွေကို သာလွန်အင်အားနဲ့ ပြန်လည်ရယူခဲ့ရာက ချင်းပြည်အစိုးရတပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၂ ရက်ကစပြီး Jericho စစ်ဆင်ရေး အမည်နဲ့ ဟားခါး-ထန်တလန်ကြားက C3 စခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုစလုံးကို သိမ်းပိုက်ရရှိခဲ့လို့ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ သိရပါတယ်။

You may have missed