မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ရွာ ၃ရွာကို ပြန်လည် သိမ်းပိုက်လိုက်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY PDF က ဒီနေ့ ဒီဇင်ဘာ ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ဒီဇင်ဘာ ၆ရက်နေ့မှာ MDY PDF က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက စတင်ကာ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ပိုဝမြောက်ရွာနဲ့ ဆင်ကုန်းရွာတို့ကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေကြောင်းလည်း Voice of Mandalay က အသိပေးထားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်နေ့ကလည်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ဦးသေဆုံးကာ သုံ့ပန်း ၁ဦးနဲ့ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းထဲက ၎င်းတို့လက်လွှတ်ခဲ့ရတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားဆဲဖြစ်တယ်လို့ MDY PDF က နိုဝင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစတဲ့မြို့ ၄မြို့အပြင် မတ္တရာမြို့က စစ်ကောင်စီစခန်းအများစုကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ