စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ရဲတပ်ကြပ်ကြီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကာ လက်နက်ခဲံယမ်းများလည်းရရှိခဲ့ကြောင်း ရတနာပုံ တပ်ဦးက သတင်းထုတ်ပြန်ပါတယ်။မနေ့က ဒီဇင်ဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုအတွင်း ထိုး ဖောက်ဝင်ရောက်ကာ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ရဲတပ်ကြပ်ကြီးနဲ့ အတူ 7.62 ကျည် ၁၈ တောင့်၊ 5.56 ကျည် ၃၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး ၊ လက်ထိပ် ၁ ခု၊ ဦးထုတ် ၂ လုံး၊ အပေါ်ဖောင်း ၂ စုံ တို့ကို သိမ်း ဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးနိုင်ဖို့အတွက် သေချာပြင်ဆင်ပြီးမှ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်အတွင်း မိသားစုဝင်များရှိနေပြီး ၎င်းတို့ကိုတော့ ဘာမှမလုပ်ဘဲ တပ်ကြပ်ကြီးတစ်ဦးကိုသာ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း ရတနာပုံ တပ်ဦး တာဝန်ခံက မီဒီယာကို အသိပေးထားပါတယ်။အဆိုပါ လုပ်ဆာင်မှုကို Brave Revolution Force – B.R.F ၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ