မကွေးတိုင်း၊ ထီးလင်းမြို့အနီး စစ်ကြောင်းမှူး ဗိုလ်ကြီး ညောင်ဦး(ခ)အောင်စိုးဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ဦးဖမ်းဆီးခံရကြောင်း အစီအရင်ခံစာဟာ တော်လှန်ရေးတပ်တွေထံ ပေါက်ကြားခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီး စစ်သားနဲ့ ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းဟာ တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို တက်လာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နှင့် ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။တိုက်ပွဲအတွင်း ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အလောင်း ၈ လောင်း သိမ်းဆည်းရရှိပြီး ပျူစောထီး ၁ ဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် လက်နက် ၃ လက်နဲ့ ဖုန်း ၁ လုံး တို့ သိမ်းဆည်းရခဲ့ပြီး ထီးလင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ဒု-စုမှူး ရဲဘော်နေလင်းအောင် တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်။အဆိုပါ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က အထက်အရာရှိကို တင်ပြတဲ့ လျှို့ဝှက် အစီရင်ခံစာ ကို တော်လှန်ရေး တပ်ဖွဲ့တွေက ရရှိခဲ့တာပါ။ထီးလင်းမြို့မှာ စစ်ရေးအရှိန်မြှင့်တင်တော့မှာ ဖြစ်တာကြောင့် ထီးလင်းမြို့ပေါ်နေ အရပ်သားပြည်သူများ၊ စစ်ကောင်စီလက်အောက်ခံတပ်သားများ၊ ပျူများအနေနဲ့ ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထားကာ မြို့ကို စွန့်ခွာဖို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်သတိပေးထားပါတယ်။ထီးလင်းမြို့၊ မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတဦးဟာလဲ ဒီဇင်ဘာလ(၄)ရက်နေ့မှာ MA-13 (၁)လက် ၊ ကျည် (၁၄၂)တောင့်နဲ့တကွ ဂန့်ဂေါခရိုင် အမှတ်(၄)တပ်ရင်းထံအလင်းဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ