ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို ချင်းပြည်အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဟားခါးရပ်ကွက်အနီးရှိ လက်နက်ကြီးများရှိတဲ့ ခမရ ၂၆၆ ကာကင်းကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ CNA ဦးဆောင်တဲ့ ချင်းပြည်အစိုးရတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါတိုက်ပွဲမှာ စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး ၁၁ ဦဒဏ်ရာရရှိခဲ့ကာ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး ယနေ့ အချိန်အထိ ကာကင်းကို သိမ်းပိုက်ရရှိရေး ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ချင်းပြည်အစိုးရအဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေက ချင်းပြည်နယ်အတွင်း ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး C3 တောင်စခန်းအပါအဝင် တပ်စခန်း ၆ခုထိသိမ်းပိုက်ထားပြီး စစ်တပ်ဘက်က ၃၀ကျော်သေဆုံးကာ သုံ့ပန်း ၂၀နီးပါးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိထားပါတယ်။ဒါ့အပြင် ချင်းညီနောင်နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်ကစပြီး ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေဆဲဖြစ်ပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ