Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို PNOပြည်သူ့စစ်က ဖမ်းဆီးသွား

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံက သိရသည်။ဒီဇင်ဘာ ၇ရက်နေ့ ည ၁၁နာရီအချိန်တွင် PNOပြည်သူ့စစ်အဖွဲ့သည် တွေပူးကျေးရွာ ရာသူကြီးကို နေအိမ်ပေါ်ထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးသွားသည်ကို မသိရသေးပဲ ဒေသခံပြည်သူများကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တွေပူးကျေးရွာမှ ကျောင်းသူတဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

You may have missed