ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၂၅ဦးထက်မနည်းသေဆုံးကာ အထိနာပြီးဆုတ်ခွာသွားတယ်လို့ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ဒီဇင်ဘာ (၅) ရက်နေ့ မနက်ပိုင်းမှာ အင်အား (၇၀) ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဲံ့ဒီစစ်ကြောင်းက စစ်ကောင်စီတပ်သား (၂၅) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ အထိနာပြီး ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။
အဲံ့ဒီနောက် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားများက နောက်ထပ်အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ လက်နက်ကြီးပစ်ကူနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ