ရန်ကုန်တိုင်း၊ မှော်ဘီအခြေစိုက် စစ်ကောင်စီလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်မှုကြောင့် အရာရှိ ၃ဦးနှင့် တပ်သား ၁၂ဦးသေဆုံးပြီးY8 ၊ Y12လေယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း BWM အဖွဲ့က ထုတ်ပြန်သည်။ဒီဇင်ဘာလ ၆ ရက်၊ ည ၉ နာရီ ၅၃ မိနစ် အချိန်တွင် ကောင်စီ၏ မှော်ဘီလေတပ်စခန်း အတွင်းရှိ Y-12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်ဟု သိရသည်။တိုက်ခိုက်မှုအတွင်း လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦးေသဆံုးပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းကနဦးစုံစမ်းသိရှိရသည်။
ထို့ပြင် မှော်ဘီလေတပ်ထဲမှ Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက် ရေး စစ်လေယာဥ်တစ်စင်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဂိုဒေါင်၊ ပြေးလမ်း နှင့် စီမံခန့်ခွဲသောရုံးတို့လည်းမီးလောင်ပျက်စီးသွား ကြောင်း သိရသည်။ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်းဆက်လက်စုံစမ်း နေဆဲဖြစ်သည်ဟု သိရသည်။မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်း ကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်း ဌာနချုပ်ဖြစ်သလို နိုင်ငံတကာမှ စစ်နှင့် အရေးကြီး ပစ္စည်းများကို လက်ခံဖြန့်ဖြူးသောအဓိကကျသည့် လေတပ် စခန်းလည်းဖြစ်သည်။အထူးသဖြင့် တရုတ်မှလာသောစစ်လက်နက်ပစ္စည်းအားလုံး ထားရာ အထိုင် စခန်း (base )လည်း ဖြစ်သည့်အတွက် BWM နှင့် မဟာမိတ် အဖွဲ့များက ယခုကဲ့သို့ပူးပေါင်းတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏အသက်အိုးအိမ်ကို နေ့စဥ်နှင့်အမျှခြိမ်းခြောက်ဖျက်ဆီးနေသော စစ်ရှုံးကောင်စီ၏ လေတပ်စခန်းများကို အားနည်းချိနဲ့ပြိုလဲစေရေးအတွက် လေတပ်ပြိုမစ်ရှင်များကိုလည်း BWM က မဟာမိတ်အဖွဲ့များနှင့်အတူ တစိုက် မတ်မတ်ဆက်လက်ဖော်ဆောင်သွားမည်ဟု ကတိပြုပြောသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ