မြန်မာနိုင်ငံကိုယ်စားပြုပြီး ကုလသမဂ္ဂတာဝန်တွေဆက်လက်ထမ်းဆောင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရပ်တည်ခွင့်ပြုလိုက်ကြောင်း ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အ ဖြစ် ၁ နှစ်ထပ်မံ သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။ဒါဟာ ပြည်သူ့ဆန္ဒသဘောထားအမှန်တွေကို ကုလသမ္မဂကတဆင့် ကမ္ဘာကသိအောင် ဆက်လက်ထုတ်ဖော်ပြောဆိုခွင့်ရမှာဖြစ်ပြီး ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
အမြဲလိမ်ညာသတင်းထုတ်ပြန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ အခုနှစ်မှာလည်းကြိုးပမ်းခဲ့ပြီး နှစ်တိုင်းအောင်မြင်မှုမရရှိခဲ့ပါဘူး။ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ရှိနေခြင်းဟာ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြောဆိုနိုင်ရုံသာမက ထိရောက်တဲ့အရေးယူမှုတွေပြုနိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမြန်မာကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စစ်အာဏာသိမ်းချိန်အစမှာလည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ကုလအစည်းဝေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ ကိုယ်စားပြုကြောင်း ကုလသမဂ္ဂအစည်းအဝေးမှာ တရားဝင်ပြောဆိုထားသူပါ။NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “အကြမ်းဖက်စစ်အုပ်စုကကိုယ်စားပြုဖို့ ကြိုးစား နေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ။ ပြည်သူတို့ရဲ့အသံ ဆန္ဒ တွေကို ကုလစင်မြင့်ကတဆင့် ဆက်လက်အသံမြှင့်ပေးနိုင်ပါစေ။ ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲ တခုပါပဲ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။အနယ်နယ်အရပ်ရပ်က မြန်မာပြည်သူတွေကလည်း သံအမတ်ကြီးကို ကုလမှာ ဆက်လက်ရပ်တည်နိုင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေ တိုင်းနဲ့ပြည်နယ်အနှံ့ပြုလုပ်ခဲ့ကြသလို ကုလသမ္မဂကလည်း သံအမတ်ကြီးကို ဆက်လက်ခန့်အပ်ထားဆဲဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ