ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မင်းအောင်လှိုင်စစ်တပ်ကို တရားစွဲထားတဲ့ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ရပ်တည်ပါဝင်လာတဲ့ နိုင်ငံပေါင်း ၈ ခုရှိလာပြီလို့ ICJ တရားရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားလို ပြုပြီးတရားစွဲထားရာက အရင်က နိုင်ငံပေါင်း ၇နိုင်ငံပူးပေါင်းပါဝင်ခဲ့ပြီး အခု ဆလိုဗေးနီးယားနိုင်ငံပါဝင်ဖို့ လျှောက်ထားလာတာကြောင့် နိုင်ငံ ၈ခုထိရှိလာတာဖြစ်ပါတယ်။တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နှင့် မော်လ်ဒိုက် စတဲ့ နိုင်ငံ ၇ခုကို ပါဝင်ခွင့်ပြုခဲ့ပြီးအခု ၈ခုမြောက် ခု ဆလိုဗေးနီးယားနိုင်ငံပါဝင်ဖို့ လျှောက်ထားလာတာလဲဖြစ်ပါတယ်။
အာဆီယံမှာတော့ မြန်မာ့အရေးကို ထိုင်းနိုင်ငံမှာ အလွတ်သဘောဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေစီစဉ်နေပါတယ်။မြန်မာ့အရေးအတွက် အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အခု ဒီဇင်ဘာလကုန်ပိုင်းအတွင်း ပြုလုပ်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖြေရှင်းရေးကို ဦးတည် ဆွေးနွေးကြမယ်လို့ သိရပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဝန်ကြီးတွေဟာ လာမည့် ဒီဇင်ဘာ ၂၀ရက်မှာ ထိုင်းမှာ စုဝေးကြမှာပါ။မြန်မာနိုင်ငံအရေး ဘာတွေဖြစ်နေသလဲဆိုတာ (အင်ဒို၊ လာအို၊ မလေးရှား) ၃နိုင်ငံက ဆွေးနွေးကြမှာဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ အခြားသော အာဆီယံ အဖွဲ့ဝင်တွေက သူတို့နဲ့အတူ နောက်ထပ်ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်မှာဖြစ်ကြောင်းအင်ဒိုနိုင်ငံခြားရေး ပြောခွင့်ရသူ ရွိုင်က ပြောပါတယ်။
အဲ့ဒီ ၃နိုင်ငံဟာ ၂၀၂၃ခုနှစ်တုန်းက အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အကျပ်အတည်းဖြေရှင်ရေးအတွက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အစည်းအဝေးဖြစ်ပေါ်လာပုံကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာဖို့ ထိုင်းအစိုးရက ကမကထပြုတဲ့ မြန်မာ့ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပဖို့ အဆိုပြုခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေရဲ့ လျှောက်ထားမှုကို ကြိုဆိုတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့( APHR) က နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။
ICJ သတင်းမထွက်ခင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကို တက်ရောက်ခွင့်ပြုခဲ့ပါတယ်။အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ပေးတက်တာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြေလည်မှုရအောင် အာဆီယံရဲ့ကြိုးပမ်းချက်တွေကို ထိခိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုထားပါတယ်။အာဏာသိမ်း ၃နှစ်ကျော်အတွင်းမှာတော့ အာဆီယံဟာ ဘုံသဘောတူညီချက် ၅ရပ်ကိုတောင် ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ