ရှမ်းမြောက် လောက်ကိုင်ဒေသမှာ ကိုးကန့်တပ် MNDAA ထိန်းချုပ်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ ၆ ဦးကို သေဒဏ်ချမှတ်ကာ ချက်ချင်း ကွပ်မျက်လိုက်တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၅ ရက်နေ့က ရာဇ၀တ်မှုကျူးလွန်သူ ပြစ်ဒဏ်ချမှတ်နိုင်ရေး အများပြည်သူဆိုင်ရာ စီရင်ချက်ချခြင်း ညီလာခံကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။တရားခံတွေထဲမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေပါဝင်တာတွေ့ရပြီး ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း နဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် သံသယရှိသူ ၁၄ ဦးကို လူသိရှင်ကြား စီရင်ဆုံးဖြတ်ခဲ့ပြီး ၎င်းအထဲမှ ၆ ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။အဆိုပါ တရားစီရင်ချက်ချ ညီလာခံဟာ လူထုတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေဖို့ ရည်ရွယ်ပြီး စီရင်ချက်ချတာ ဖြစ်တယ်လို့ ဆိုပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ