နွေဦးဖွံ့ဖြိုးရေးဘဏ်-SDG ဘဏ်က ဒုတိယအကြိမ်အဖြစ် အစုရှယ်ယာများရောင်းချလျက်ရှိရာ သတ်မှတ်ချိန်မတိုင်ခင် မျှော်မှန်းပမာဏ ဒေါ်လာ ၁၀သန်းဖိုးရောင်းချထားပြီလို့ သိရပါတယ်။နွေဦးဘဏ် ဒုတိယအကြိမ်အစုရှယ်ယာ ICO Round 2 ပရောဂျက်ကို နိုဝင်ဘာ ၁၅ရက်ကနေ ဒီဇင်ဘာ ၅ရက် ည၁၂နာရီအထိရောင်းချပေးမယ်လို့ သတ်မှတ်ခဲ့ပေမယ့် ညနေ ၃နာရီကျော်မှာပဲ မျှော်မှန်းပမာဏ ပြည့်မီခဲ့တာဖြစ်ပြီး ဝယ်လိုအားများနေတာကြောင့် နောက်ထပ် ၃ရက်ထပ်တိုးရောင်းချပေးမယ်လို့ သိရပါတယ်။အိမ်ပြန်လှိုင်းသစ် ICO Round 2 ကို ရက်တိုးရောင်းချပေးဖို့ စစ်တမ်းကောက်ယူခဲ့ရမှာ ရက်တိုးပေးဖို့အဆိုပြုသူများတာကြောင့် အစုရှယ်ယာရောင်းချခြင်းကို ဒီဇင်ဘာ ၈ရက်အထိတိုးမြှင့်လိုက်ကြောင်း SDG ဘဏ်က ကြေညာထားပါတယ်။စတင်ရောင်းချသည့်နေ့မှာပဲ ၂၄ နာရီ အတွင်း ဒေါ်လာ ၂.၂ သန်းကျော်ဖိုးရောင်းချရခဲ့ပြီး နောက်ဆုံးရက်မှာ တစ်ဦးတည်း အမေရီကန်ဒေါ်လာ ၃သိန်းထိဝယ်ယူသူတွေနဲ့ ပြည်တွင်းကနေ ဒေါ်လာသိန်းချီဝယ်ယူသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ