Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

ဟားခါး-ထန်တလန်ကြားက C3စခန်းကုန်းကို ချင်းပြည်အစိုးရတပ်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ

ဟားခါး-ထန်တလန်ကြားက စစ်ရေးအရအရေးပါတဲ့ C3 စခန်းကုန်းကို ချင်းပြည်အစိုးရတပ်က သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ဟားခါးနဲ့-ထန်တလန်ကြား စစ်ရေးအရ အရေးပါတဲ့ C3စခန်းကုန်းကို မနေ့က ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ ချင်းပြည်အစိုးရတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်အင်အား ၃၀ခန့်ဟာ တိုက်ခိုက်ခံရချိန်မှာ ထွက်ပြေးသွားပြီး အော်တိုတောင်စခန်းမှာ သွားရောက်ပူးပေါင်းနေတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။လက်ရှိမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး သီမြစ် စခန်းကနေ သေနတ် ၂ လက်၊ လက်ပစ်ဗုံးနဲ့ ခဲယမ်းတချို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။

ဟားခါးနဲ့ ထန်တလန်းကြားက စစ်စခန်းအမျးစုကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် အောက်တိုဘာ ဒုတိယအပတ်မှာ စစ်ကောင်စီက ပြန်လည်တပ်စွဲနေရာယူခဲ့တာဖြစ်ပါတယ်။ချင်းပြည်အစိုးရအနေနဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစလို့ တကျော့ပြန် စစ်ဆင်ရေးစတင်ဖော်ဆောင်ခဲ့ပြီး ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ် စခန်း ၅ ခုကို ပြန်လည် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။သိမ်းပိုက်မှုတွေအတွင်း တပ်ရင်းမှူး ၃ ဦး အပါအဝင် ၃၀ ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်း ၆၀ နီးပါး နဲ့ စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းဆီးရရှိထားပါတယ်။

You may have missed