Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

မင်းအောင်လှိုင်နဲ့တရုတ်ပေါင်းပြီး တရုတ်တပ်တွေ ပြည်တွင်းထဲ ခေါ်သွင်းလာနိုင်တဲ့ လုံခြုံရေးကုမ္ပဏီအတွက် ကော်မတီစတင်ဖွဲ့စည်း

တော်လှန်ရေးဘက်က အားသာလာတာနဲ့အမျှ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လက်နက်တင်သွင်းတာ နဲ့ တရုတ်တပ်ကိုပါ ပြည်တွင်းသွင်းလာနိုင်တဲ့ လုံခြုံရေးကုမ္ပဏီထူထောင်ရေး ကော်မတီစတင်ဖွဲ့စည်းလိုက်ပါပြီ။တရုတ်ပိုင်လုပ်ငန်းတွေလုံခြုံရေးအကြောင်းပြကာ တရုတ်- မြန်မာ လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)ပူးပေါင်းထူထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီး တရုတ် လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။အဲဒီကော်မတီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်က စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး ဌာနကြီးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး ဝန်ကြီးဌာန ၇ခုထက်မနည်းက တာဝန်ရှိသူတချို့ ပါဝင်ကာ အဖွဲ့ဝင် ၁၄ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့လည်း သိရပါတယ်။ကော်မတီအနေနဲ့ ပူးတွဲတည်ထောင်မယ့် လုံခြုံရေးကုမ္ပဏီအတွက် ပြည်ပက သွင်းလာမယ့် လက်နက်တွေ၊ ဆက်သွယ်ရေးစက်အပါအဝင် အထူးကိရိယာတန်ဆာ ပလာတွေနဲ့ ပတ်သက်ပြီး တင်သွင်း ခွင့် ထိန်းချုပ်သုံးစွဲခွင့်ကို နားလည်မှုစာချွန်လွှာမှာ ထည့်သွင်းရန်လို မလိုကိုစိစစ်မယ်လို့ သိရပါတယ်။

တရုတ်စီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပေမယ့် အဖက်ဖက်က စစ်ရှုံးနေပြီး အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီဟာ တရုပ်တပ်တွေ ပြည်တွင်းထဲခေါ်သွင်းပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ချေမှုန်းရာမှာ ပါဝင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ခေါင်းဆောင်မင်းအောင်လှိုင်သွားရောက်ခဲ့တဲ့ တရုတ်ခရီးစဉ်မှာ ၎င်းရဲ့စစ်ရှုံးနေမှုတွေကို တိုင်ကြားခဲ့သလို တရုတ်ကနေပြန်လာအပြီးမှာ တရုတ်နဲ့ စစ်တပ် ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။မင်းအောင်လှိုင်စစ်တပ်အတွက် အားနည်းမှုဟာ စစ်အင်အားပြုန်းတီးမှုဖြစ်ပြီး ဒါကိုကုစားဖို့ ပြည်တွင်းကလူငယ်တွေကို စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အင်အားထောင်ချီသင်တန်းပေးရှေ့တန်းလွှတ်ခဲ့ပေမယ့် စစ်ကောင်စီအတွက် အလုပ်မဖြစ်ခဲ့ပါဘူး။တရုတ်နိုင်ငံဟာ စစ်ကောင်စီကြောက်ရတဲ့ ၁၀၂၇စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို ဖိအားပေးခြိမ်းခြောက်နေသလို MNDAA ခေါင်းဆောင် ဖုန်းတာရွှင်ကို တရုတ်ကို ဆေးကုသဖို့သွားစဉ် ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အာဏာရှင်ကို အဆုံးတိုင် တော်လှန်ပြီး ပြည်သူနဲ့အတူရပ်တည်မယ်ဆိုတဲ့ MNDAA နဲ့ TNLA တို့ဟာ တရုတ်ရဲ့ ဖိအားတွေကြောင့် အပစ်ရပ်ဆဲဖို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက်တွေ အသီးသီးထုတ်ပြန်ထားရပါတယ်။ရှမ်းမြောက်ရှိ တရတ်-မြန်မာနယ်စပ်မြို့တွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မှုအတွင်း တရုတ်ဘက်က ဂိတ်တွေ ပိတ်ဆို့ထားတာကြောင့် ဒေသပြည်သူတွေ ရပ်တည်ဖို့ ခက်ခဲ့လာပြီး စစ်ကောင်စီကလည်း နေစဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကာ ဒေသခံတွေဟာ စစ်ဘေးဒဏ်အလူးအလဲခံနေကြရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းနေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ အမုန်းကိုခံရမှာဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တရုတ်ရဲ့ လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို အပြည့်အဝ ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရားဝင်အသိပေးပြောဆိုထားပါတယ်။

You may have missed