Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 25, 2025

အခုနှစ်အတွင်း စစ်ကောင်စီတပ် စခန်းဆုတ်ခွာမှု ၁၃၅ခုထိရှိ

အခု ၂၀၂၄ ခုနစ် ဇန်နဝါရီလကနေ နိုဝင်ဘာလ (၁၀) ရက် အထိ နိုင်ငံတဝှမ်းလုံးမှာ စစ်ကောင်စီ ဘက်က ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း (၁၃၅) ခု ထိ ရှိတယ်လို့ ပကဖအသံက ထုတ်ပြန်ပြောပါတယ်။စစ်ကောင်စီဟာ ထိုးစစ် အခြေအနေကနေ ခံစစ် အခြေအနေ ကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ်ရမှု များပြားလာတာကို စခန်းဆုတ်ခွာမှု စာရင်းက ပြတယ်လို့ ဆိုပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးက ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နေမှုကြောင့် ယခုလို ကြီးမားတဲ့ စစ်ရေးအောင်ပွဲ ရရှိလာခြင်းဖြစ်ပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။နိုင်ငံတဝှမ်း စစ်ကောစ်ီတပ် စခန်းဆုတ်ခွာမှု စာရင်းတွေအရ ကချင်ပြည်နယ်မှာ (၂၉)ခု၊ ကရင်ပြည်နယ်မှာ (၂၁)ခု၊ မကွေးတိုင်းမှာ (၁၆)ခု၊ ရခိုင်ပြည်နယ်မှာ (၁၃)ခု၊ စစ်ကိုင်းတိုင်းမှာ (၁၂)ခု၊ ရှမ်းပြည်နယ်မှာ (၁၁)ခု၊ မန္တလေးတိုင်းမှာ (၁၀)ခု၊ တနင်္သာရီတိုင်းမှာ (၇)ခု၊ ပဲခူးတိုင်း (၇)ခု၊ ကယားပြည်နယ်မှာ (၆)ခု၊ ချင်းပြည်နယ် (၂)ခု၊ နေပြည်တော်မှာ (၁)ခုတို့ပဲဖြစ်ပြီး လက်တွေ့မြေပြင်မှာ စခန်းဆုတ်ခွာမှု စာရင်းဟာ ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မကွေးတိုင်း တို့မှာ စစ်ကောင်စီစခန်း ဆုတ်ခွာမှု အများဆုံး နယ်မြေတွေဖြစ်တာကို တွေ့ရပါတယ်။ဆက်လက်ပြီး စစ်ကောင်စီဟာ အင်အားမလုံလောက်မှု၊ စစ်ရှုံးမှု များပြားလာပြီး စခန်းစွန့်ခွာထွက်ပြေးရမှု ပိုများလာကာ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးနယ်မြေ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။နိုင်ငံအလယ်ပိုင်း ဒေသ စစ်အခြေခံ စခန်းတွေ၊ တပ်မ၊ တပ်ရင်း စခန်းတွေ၊ လေတပ်စခန်း နဲ့ လက်နက်စက်ရုံတွေ ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း အသီးသီးကိုလဲ ပကဖ အဖွဲ့တွေက ပုံမှန် တိုက်ခိုက်နေတာတွေ့ရပြီး ရှေ့တန်းနယ်မြေလို့ ပြောလို့ရတဲ့ တောင်တန်းဒေသ နဲ့ အထက်အညာ ဒေသကို စစ်အုပ်စု ချီတက်သွားလာရေးကို ကြီးမားစွာ နှောင့်ယှက်ဟန့်တားပေးနေတယ်လို့ ပကဖအသံက အသိပေးထားပါတယ်။

You may have missed